2. ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ပြစ်မှုအမျိုးမျိုး ကိုပေါလုကူးလွန်ခဲ့ကြောင်းဖေတ္တုအား စွဲချက်တင်ကြ၏။-
3. သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-
4. ဖေတ္တုက ``ပေါလုအားအစောင့်အကြပ်နှင့် ကဲသရိမြို့တွင်ထားရှိ၏။ ငါကိုယ်တိုင် ထိုမြို့သို့မကြာမီသွားမည်။-
5. သင်တို့၏ခေါင်းဆောင်များသည်ငါနှင့်အတူ လိုက်၍ ပေါလု၌အပြစ်တစ်စုံတစ်ရာရှိလျှင် စွပ်စွဲချက်များကိုငါ့ထံတင်ပြကြပါစေ'' ဟုဆို၏။
6. ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။-
7. ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။-
8. ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။