15. ကျွန်ုပ်ယေရုရှလင်မြို့သို့ရောက်စဉ်အခါက ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ကျွန်ုပ်အားထိုသူ ကိုစွပ်စွဲချက်တင်ကြပြီးနောက် သူ့အား အပြစ်ဒဏ်စီရင်ရန်တောင်းဆိုကြပါ၏။-
16. အကျွန်ုပ်ကတရားခံတစ်ယောက်အားတရားလို များနှင့်မျက်နှာစုံညီတွေ့ဆုံ၍ သူတို့၏စွပ်စွဲ ချက်ကိုချေပခွင့်မပေးဘဲအပြစ်ဒဏ်စီရင် ခြင်းမှာ ရောမဋ္ဌလေ့ထုံးစံမဟုတ်ကြောင်းသူ တို့အားဖြေကြားခဲ့ပါ၏။-
17. သို့ဖြစ်၍သူတို့သည်ဤမြို့သို့လာရောက်သော အခါ အကျွန်ုပ်သည်မဆိုင်းမငံ့ဘဲနောက်တစ် နေ့၌တရားခွင်မှာထိုင်၍ထိုသူကိုအခေါ် ခိုင်းပါ၏။-
18. တရားလိုများသည်ထ၍သူ့အားစွပ်စွဲပြော ဆိုကြသော်လည်း အကျွန်ုပ်ထင်သည့်ပြစ်မှု များဖြင့်မဟုတ်ပါ။-
19. သူတို့၏ဘာသာတရားနှင့်ပတ်သက်၍လည်း ကောင်း၊ ယေရှုဆိုသူအကြောင်းနှင့်ပတ်သက် ၍လည်းကောင်း၊ အငြင်းပွားမှုသာဖြစ်ပါ သည်။ ထိုယေရှုသည်သေလွန်သွားသော်လည်း အသက်ရှင်လျက်ရှိသည်ဟုပေါလုကဆို ပါသည်။-
20. ထိုပြဿနာများကိုဖြေရှင်းရန်ကျွန်ုပ်မှာ မကျွမ်းသဖြင့် ပေါလုအား `သင်သည်ယေရု ရှလင်မြို့သို့သွားပြီးလျှင် ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံလိုပါ သလော' ဟုမေးပါ၏။-
21. သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။
22. အဂြိပ္ပမင်းက ``ထိုသူပြောကြားသည်ကို ကျွန်ုပ်ကိုယ်တိုင်ကြားလိုပါသည်'' ဟုဆို လျှင်ဖေတ္တုက ``ထိုသူပြောကြားသည်ကို နက်ဖြန်ကြားရပါစေမည်'' ဟုဆို၏။
23. သို့ဖြစ်၍နောက်တစ်နေ့၌အဂြိပ္ပမင်းနှင့်မိ ဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ် သောအဆောင်အယောင်များနှင့်တကွတပ်မှူး များ၊ မြို့ပေါ်ရှိဂုဏ်အသရေရှိလူကြီးများ နှင့်အတူကြွလာလျက် ညီလာခံခန်းမကြီး သို့ဝင်တော်မူ၏။ ထိုအခါဖေတ္တု၏အမိန့် အရ ပေါလုအားခေါ်သွင်းကြ၏။-
24. ဖေတ္တုက ``အဂြိပ္ပမင်းကြီးနှင့်ကြွရောက်လာ သောသူအပေါင်းတို့၊ ယေရုရှလင်မြို့နှင့်ဤ မြို့တွင်ရှိသည့်ယုဒအမျိုးသားအပေါင်း တို့က `ဤသူကိုအရှင်မထားသင့်ပါ' ဟု ကြွေးကြော်ကာကျွန်ုပ်ထံလျှောက်ထားခဲ့ ကြ၏။ ထိုသို့လျှောက်ထားခြင်းခံရသူ ကားဤသူပင်တည်း။-