1. ဖေတ္တုသည်ထိုနယ်သို့ရောက်၍သုံးရက်ကြာ သောအခါ ကဲသရိမြို့မှယေရုရှလင်မြို့ သို့တက်သွား၏။-
2. ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ပြစ်မှုအမျိုးမျိုး ကိုပေါလုကူးလွန်ခဲ့ကြောင်းဖေတ္တုအား စွဲချက်တင်ကြ၏။-
3. သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-
4. ဖေတ္တုက ``ပေါလုအားအစောင့်အကြပ်နှင့် ကဲသရိမြို့တွင်ထားရှိ၏။ ငါကိုယ်တိုင် ထိုမြို့သို့မကြာမီသွားမည်။-
5. သင်တို့၏ခေါင်းဆောင်များသည်ငါနှင့်အတူ လိုက်၍ ပေါလု၌အပြစ်တစ်စုံတစ်ရာရှိလျှင် စွပ်စွဲချက်များကိုငါ့ထံတင်ပြကြပါစေ'' ဟုဆို၏။
6. ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။-
7. ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။-
8. ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
9. ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။
10. ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-
11. အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
12. ထိုအခါဖေတ္တုသည်မိမိ၏အတိုင်ပင်ခံ အရာရှိများနှင့်တိုင်ပင်ပြီးနောက် ``သင် သည်ဧကရာဇ်ဘုရင်ထံအယူခံသဖြင့် ဧကရာဇ်ဘုရင်ထံသို့သွားရမည်'' ဟု ဆို၏။
13. ကာလအနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ် တို့သည် ကဲသရိမြို့သို့ရောက်နေသော ဘုရင်ခံဖေတ္တုအားနှုတ်ဆက်ရန် ကဲသရိ မြို့သို့လာကြ၏။-