တမန်တော်ဝတ္ထု 24:22-24 Common Language Bible (BCL)

22. ဖေ​လဇ်​သည်​လမ်း​စဉ်​တော်​အ​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​ထား​သူ​ဖြစ်​သ​ဖြင့် အ​မှု စစ်​ဆေး​ကြား​နာ​မှု​ကို​ထို​အ​ချိန်​၌​ရပ် နား​လိုက်​၏။ သူ​က ``တပ်​မှူး​လု​သိ ရောက်​ရှိ​လာ​သော​အ​ခါ​မှ​သင်​တို့​အ​မှု ကို​ငါ​စီ​ရင်​ချက်​ချ​မှတ်​မည်'' ဟု​ဆို​၏။-

23. ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။

24. ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖေ​လဇ်​သည် မိ​မိ​၏​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​လာ​ရောက်​၏။ ဒြု​သိ​လေ​ကား​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​၏။ ဖေ​လဇ် သည်​ပေါ​လု​ကို​အ​ခေါ်​ခိုင်း​ပြီး​လျှင် ခ​ရစ်​တော် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု ဟော​ပြော​သော​တ​ရား​စ​ကား​များ​ကို​ကြား နာ​လေ​သည်။-

တမန်တော်ဝတ္ထု 24