တမန်တော်ဝတ္ထု 24:17-22 Common Language Bible (BCL)

17. ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ ၍​နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် မိ​မိ​၏ အ​မျိုး​သား​ချင်း​များ​အ​တွက်​အ​လှူ​ငွေ ယူ​ဆောင်​လာ​ရန်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ပူ​ဇော်​သ​ကာ​ဆက်​သ​ရန်​အ​တွက် လည်း​ကောင်း​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​၏။-

18. ဗိ​မာန်​တော်​ထဲ​တွင်​အ​ကျွန်ုပ်​သည်​သန့်​စင် ခြင်း​မင်္ဂ​လာ​ကို​ပြု​ပြီး​နောက်​ပူ​ဇော်​သကာ ဆက်​သ​နေ​ချိန်​၌ ထို​သူ​တို့​သည်​အ​ကျွန်ုပ် ကို​တွေ့​မြင်​ကြ​ပါ​၏။ ထို​အ​ခါ​လူ​ပ​ရိ သတ်​များ​မ​ရှိ​ပါ။ ရုန်း​ရင်း​ဆန်​ခတ်​လည်း မ​ဖြစ်​ပါ။-

19. သို့​ရာ​တွင်​ထို​နေ​ရာ​တွင်​အာ​ရှ​နယ်​မှ​လာ သော​ယု​ဒ​အ​မျိုး​သား​အ​ချို့​ရှိ​ပါ​၏။ အ​ကျွန်ုပ် အား​စွပ်​စွဲ​ပြော​ဆို​စ​ရာ​ရှိ​လျှင်​သူ​တို့​ကိုယ် တိုင်​ဤ​အ​ရပ်​သို့​လာ​၍၊-

20. အ​ကျွန်ုပ်​ကူး​လွန်​သော​အ​ပြစ်​ကို​အ​ရှင့်​ထံ တွင်​ဖော်​ပြ​စွပ်​စွဲ​သင့်​ပါ​၏။-

21. ထို​သို့​မ​ဟုတ်​လျှင်​လည်း​အ​ကျွန်ုပ်​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​ရှေ့​တွင် ချေ​ပ​လျှောက် လဲ​နေ​စဉ်​အ​ခါ​က `အ​ကျွန်ုပ်​သည်​သူ​သေ တို့​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ကို​မျှော် လင့်​သူ​ဖြစ်​သ​ဖြင့် ယ​နေ့​သင်​တို့​ရှေ့​တွင် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ပါ​၏' ဟူ​၍​ကြွေး ကြော်​ခဲ့​သည့်​စ​ကား​ရပ်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​ပြစ်​မှု​ရှိ​ကြောင်း​ဤ​သူ​တို့​ဖော်​ပြ ကြ​ပါ​စေ'' ဟု​လျှောက်​လေ​၏။

22. ဖေ​လဇ်​သည်​လမ်း​စဉ်​တော်​အ​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​ထား​သူ​ဖြစ်​သ​ဖြင့် အ​မှု စစ်​ဆေး​ကြား​နာ​မှု​ကို​ထို​အ​ချိန်​၌​ရပ် နား​လိုက်​၏။ သူ​က ``တပ်​မှူး​လု​သိ ရောက်​ရှိ​လာ​သော​အ​ခါ​မှ​သင်​တို့​အ​မှု ကို​ငါ​စီ​ရင်​ချက်​ချ​မှတ်​မည်'' ဟု​ဆို​၏။-

တမန်တော်ဝတ္ထု 24