တမန်တော်ဝတ္ထု 24:13-20 Common Language Bible (BCL)

13. ယ​ခု​အ​ကျွန်ုပ်​အား​စွပ်​စွဲ​ပြော​ဆို​ကြ​သည့် အ​ချက်​များ​ကို သူ​တို့​သည်​သက်​သေ​မ​ပြ နိုင်​ကြ​ပါ။-

14. သို့​သော်​လည်း​ထို​သူ​တို့​က​လွဲ​မှား​သည်​ဟု ယူ​ဆ​သည့်​လမ်း​စဉ်​တော်​အ​ရ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြောင်း​ကို​မူ​အ​ရှင်​အား​ဝန်​ခံ​ပါ​၏။ သို့​ရာ တွင်​အ​ကျွန်ုပ်​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော်​ပြ​ပါ​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ယုံ​ကြည်​ပါ​သည်။-

15. အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ကို​အား​ကိုး မျှော်​လင့်​သူ​ဖြစ်​၍ လူ​ဆိုး​လူ​ကောင်း​မ​ရွေး လူ​ခပ်​သိမ်း​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။-

16. သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ရှေ့​လူ တို့​ရှေ့​တွင် မိ​မိ​၏​သြတ္တပ္ပ​စိတ်​ကြည်​လင်​မှု​ရှိ စေ​ရန်​အ​စဉ်​အ​မြဲ​အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ပါ​၏။

17. ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ ၍​နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် မိ​မိ​၏ အ​မျိုး​သား​ချင်း​များ​အ​တွက်​အ​လှူ​ငွေ ယူ​ဆောင်​လာ​ရန်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ပူ​ဇော်​သ​ကာ​ဆက်​သ​ရန်​အ​တွက် လည်း​ကောင်း​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​၏။-

18. ဗိ​မာန်​တော်​ထဲ​တွင်​အ​ကျွန်ုပ်​သည်​သန့်​စင် ခြင်း​မင်္ဂ​လာ​ကို​ပြု​ပြီး​နောက်​ပူ​ဇော်​သကာ ဆက်​သ​နေ​ချိန်​၌ ထို​သူ​တို့​သည်​အ​ကျွန်ုပ် ကို​တွေ့​မြင်​ကြ​ပါ​၏။ ထို​အ​ခါ​လူ​ပ​ရိ သတ်​များ​မ​ရှိ​ပါ။ ရုန်း​ရင်း​ဆန်​ခတ်​လည်း မ​ဖြစ်​ပါ။-

19. သို့​ရာ​တွင်​ထို​နေ​ရာ​တွင်​အာ​ရှ​နယ်​မှ​လာ သော​ယု​ဒ​အ​မျိုး​သား​အ​ချို့​ရှိ​ပါ​၏။ အ​ကျွန်ုပ် အား​စွပ်​စွဲ​ပြော​ဆို​စ​ရာ​ရှိ​လျှင်​သူ​တို့​ကိုယ် တိုင်​ဤ​အ​ရပ်​သို့​လာ​၍၊-

20. အ​ကျွန်ုပ်​ကူး​လွန်​သော​အ​ပြစ်​ကို​အ​ရှင့်​ထံ တွင်​ဖော်​ပြ​စွပ်​စွဲ​သင့်​ပါ​၏။-

တမန်တော်ဝတ္ထု 24