1. နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
2. ဘုရင်ခံမင်းသည်ပေါလုကိုရှေ့တော်သို့ခေါ် ယူပြီးသောအခါ ရှေ့နေတေရတုလုက ``အရှင် ဖေလဇ်မင်း၊ အရှင်၏အမြော်အမြင်ကြီးမှု ကြောင့် အကျွန်ုပ်တို့သည်အလွန်အေးချမ်းသာ ယာစွာနေထိုင်နိုင်ကြပါ၏။ အရှင်သည် အကျွန်ုပ်တို့၏တိုင်းပြည်အကျိုးအတွက် လိုအပ်သောအသစ်ပြုပြင်ပြောင်းလဲမှု များကိုပြုလုပ်ပေးလျက်ရှိပါ၏။-
3. ဤဆောင်ရွက်ချက်များကိုအကျွန်ုပ်တို့သည် အရပ်တကာတွင် အခါခပ်သိမ်းအထူး ကျေးဇူးတင်စွာဖြင့်ကြိုဆိုကြပါ၏။-
4. အကျွန်ုပ်သည်အရှင်၏အချိန်ကိုများစွာ မယူလိုပါ။ သို့ဖြစ်၍အကျဉ်းချုပ်အားဖြင့် အကျွန်ုပ်တို့လျှောက်လဲသည်ကိုနားထောင် ပါရန်ပန်ကြားပါ၏။-
5. ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
6. ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊-
7. တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။-
8. သူ့အားပြစ်တင်ပြောဆိုသူတို့ကိုလည်းအရှင် ၏ထံသို့လာကြရန်အမိန့်ပေးခဲ့ပါ၏။) အရှင်ကိုယ်တိုင်သူ့အားစစ်ဆေးမေးမြန်းကြည့် ပါလျှင်သူ့အားအကျွန်ုပ်တို့စွပ်စွဲသည့်အချက် အားလုံးကိုကြားသိရပါလိမ့်မည်'' ဟုလျှောက်၏။-
9. ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။