9. သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
10. ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
11. ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
12. နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
13. ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
14. သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
15. သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
16. သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
17. ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-