20. လူငယ်က ``ယုဒအာဏာပိုင်တို့သည်ပေါလု ၏အမှုကိုပိုမိုသေချာစုံစမ်းစစ်ဆေးလိုဟန် ဖြင့် အရှင့်အားပေါလုကိုနက်ဖြန်နေ့၌တရား လွှတ်တော်သို့ခေါ်ဆောင်ခဲ့ရန် မေတ္တာရပ်ခံကြ မည်ဟုတိုင်ပင်ညှိနှိုင်းထားကြပါ၏။-
21. သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
22. တပ်မှူးက ``သင်သည်ဤကဲ့သို့ငါ့အားတိုင် ကြားခဲ့ကြောင်းအဘယ်သူအားမျှမပြော နှင့်'' ဟုဆို၍ထိုလူငယ်ကိုထွက်ခွာသွားစေ၏။
23. ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
24. ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
25. တပ်မှူးသည်စာတစ်စောင်ကိုလည်းရေး၍ပေး လိုက်၏။
26. ထိုစာတွင် ``ကလောဒိလုသိထံမှအရှင် ဖေလဇ်မင်းထံသို့ရိုသေစွာအစီရင်ခံအပ် ပါသည်။-
27. ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
28. အကျွန်ုပ်သည်သူ့အားယုဒအမျိုးသားတို့ အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကိုသိလို သဖြင့် သူတို့၏တရားလွှတ်တော်သို့ခေါ်ဆောင် သွားပါ၏။-
29. ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
30. ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။