တမန်တော်ဝတ္ထု 23:2-21 Common Language Bible (BCL)

2. ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​န​နိ​သည်​လည်း အ​နီး​တွင်​ရပ်​နေ​သူ​များ​အား ပေါ​လု​၏​နှုတ် ကို​အ​ရိုက်​ခိုင်း​လေ​၏။-

3. ပေါ​လု​က ``ထုံး​ဖြူ​သုတ်​သည့်​အုတ်​ရိုး၊ သင့်​ကို ဘု​ရား​သ​ခင်​မု​ချ​ဒဏ်​ခတ်​တော်​မူ​မည်။ သင် သည်​အ​ကျွန်ုပ်​အား​တ​ရား​ဥ​ပ​ဒေ​အ​ရ စစ်​ဆေး​စီ​ရင်​ရန် တ​ရား​ခွင်​တွင်​ထိုင်​လျက် နေ​စဉ်​၌​ပင် အ​ကျွန်ုပ်​ကို​အ​ရိုက်​ခိုင်း​ခြင်း ဖြင့်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ပါ​သည် တ​ကား'' ဟု​ဆို​၏။

4. အ​နီး​တွင်​ရပ်​နေ​သူ​တို့​က ``သင်​သည်​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ကို​စော်​ကား​ပါ သ​လော'' ဟု​မေး​ကြ​လျှင်၊-

5. ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ထို​သူ​သည်​ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ ပါ။ ကျမ်း​စာ​တော်​တွင် `သင်​၏​အ​မျိုး​ကို​အုပ် စိုး​သော​သူ​အား​မ​ကောင်း​မ​ပြော​ရ' ဟု​ဖော် ပြ​ထား​ပါ​၏'' ဟု​ဖြေ​ကြား​လေ​သည်။

6. သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။

7. ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​တို့​သည် အ​ငြင်း​ပွား​ကြ​သ​ဖြင့် တ​ရား​လွှတ်​တော် အ​ဖွဲ့​သည်​နှစ်​ခြမ်း​ကွဲ​လေ​၏။-

8. (ဇဒ္ဒု​ကဲ​တို့​က​သေ​ခြင်း​မှ​ထ​မြောက်​ရှင် ပြန်​ခြင်း​ဟူ​သည်​မ​ရှိ။ ကောင်း​ကင်​တ​မန်​မ​ရှိ။ နာမ်​ဝိ​ညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ သို့​သော် ဖာ​ရိ​ရှဲ​တို့​က​ထို​အ​ရာ​သုံး​ပါး​လုံး​ပင်​ရှိ သည်​ဟု​ယုံ​ကြည်​လက်​ခံ​ကြ​၏။)-

9. သူ​တို့​ဟစ်​အော်​ပြော​ဆို​မှု​သည်​ပို​မို​ကျယ် လောင်​လာ​တော့​၏။ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ် ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ ``ဤ​သူ​၌​အ​ဘယ် အ​ပြစ်​ကို​မျှ​ငါ​တို့​မ​တွေ့။ ဝိ​ညာဉ်​တစ်​ပါး က​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တစ် ပါး​က​သော်​လည်း​ကောင်း​သူ့​အား​မြွက်​ဆို ကောင်း​မြွက်​ဆို​ခဲ့​လိမ့်​မည်'' ဟု​ငြင်း​ခုံ​ပြော ဆို​ကြ​၏။

10. ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။

11. ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။

12. နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​၌​ယု​ဒ​အ​မျိုး​သား အ​ချို့​တို့​သည်​တွေ့​ဆုံ​၍ ``ပေါ​လု​ကို​မ​သတ်​ရ မ​ချင်း​ငါ​တို့​မ​စား​မ​သောက်​ဘဲ​နေ​မည်'' ဟု အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​၏။-

13. ဤ​သို့​လျှို့​ဝှက်​ကြံ​စည်​ကြ​သူ​များ​၏​ဦး ရေ​မှာ​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။-

14. သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ သာ​ရေး​ခေါင်း​ဆောင်​များ​ထံ​သွား​၍ ``အ​ကျွန်ုပ် တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့် အ​ရာ​ကို​မျှ​မ​စား​မ​သောက်​ပါ​ဟု​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​ကြ​ပါ​၏။-

15. သို့​ဖြစ်​၍​အ​ရှင်​တို့​နှင့်​တ​ရား​လွှတ်​တော်​အ​ဖွဲ့ ဝင်​တို့​သည် ပေါ​လု​၏​အ​မှု​ကို​ပို​မို​သေ​ချာ စွာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန်​ပြု​လျက် ရော​မ​တပ် မှူး​အား​သူ့​ကို​အ​ရှင်​တို့​ထံ​သို့​ခေါ်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ​ပါ။ အ​ရှင်​တို့​ထံ​သို့​မ​ရောက် မီ​ပင် သူ့​ကို​သတ်​ရန်​အ​ကျွန်ုပ်​တို့​အ​သင့် စောင့်​နေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

16. သို့​သော်​ထို​အ​ကြံ​အ​စည်​ကို​ပေါ​လု​နှ​မ​၏ သား​သည်​ကြား​သိ​သွား​သ​ဖြင့် ရဲ​တိုက်​ထဲ ကို​ဝင်​ပြီး​လျှင်​ပေါ​လု​အား​ပြော​ကြား​၏။-

17. ပေါ​လု​သည်​တပ်​ခွဲ​မှူး​တစ်​ယောက်​ကို​ခေါ် ၍ ``ဤ​လူ​ငယ်​ကို​တပ်​မှူး​ထံ​သို့​ခေါ်​ဆောင် သွား​ပါ။ တပ်​မှူး​အား​လျှောက်​ထား​ရန်​ကိစ္စ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ပြော​၏။-

18. သို့​ဖြစ်​၍​တပ်​ခွဲ​မှူး​သည်​ထို​လူ​ငယ်​ကို​တပ်​မှူး ထံ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​နောက် ``အ​ကျဉ်း​သား ပေါ​လု​သည်​အ​ကျွန်ုပ်​ကို​ခေါ်​၍​ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​သို့​အ​ပို့​ခိုင်း​ပါ​သည်။ သူ့​မှာ​အ​ရှင့် အား​လျှောက်​ထား​ရန်​ကိစ္စ​တစ်​ခု​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။

19. တပ်​မှူး​သည်​နှစ်​ယောက်​ချင်း​ပြော​ဆို​နိုင်​ရန် ထို လူ​ငယ်​ကို​လက်​ဆွဲ​၍​ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ် ခု​သို့​ခေါ်​သွား​၏။ ထို​နောက် ``ငါ့​အား​သင်​အ​ဘယ် အ​ရာ​ကို​ပြော​လို​ပါ​သ​နည်း'' ဟု​မေး​၏။

20. လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-

21. သူ​တို့​၏​တောင်း​လျှောက်​ချက်​ကို​မ​လိုက်​လျော ပါ​နှင့်။ လမ်း​တွင်​လူ​လေး​ဆယ်​ကျော်​ပုန်း​ကွယ် ချောင်း​မြောင်း​စောင့်​ဆိုင်း​လျက်​ရှိ​ပါ​၏။ ထို​သူ တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မ​စား မ​သောက်​ဘဲ​နေ​မည်​ဟု​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ထား ကြ​ပါ​၏။ ယ​ခု​ပင်​သူ​တို့​သည်​ပေါ​လု​ကို သတ်​ရန်​အ​သင့်​ပြင်​ဆင်​ကာ အ​ရှင်​၏​ဆုံး ဖြတ်​ချက်​ကို​စောင့်​ဆိုင်း​လျက်​ရှိ​နေ​ကြ​ပါ ပြီ'' ဟု​လျှောက်​၏။

တမန်တော်ဝတ္ထု 23