တမန်တော်ဝတ္ထု 23:19-27 Common Language Bible (BCL)

19. တပ်​မှူး​သည်​နှစ်​ယောက်​ချင်း​ပြော​ဆို​နိုင်​ရန် ထို လူ​ငယ်​ကို​လက်​ဆွဲ​၍​ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ် ခု​သို့​ခေါ်​သွား​၏။ ထို​နောက် ``ငါ့​အား​သင်​အ​ဘယ် အ​ရာ​ကို​ပြော​လို​ပါ​သ​နည်း'' ဟု​မေး​၏။

20. လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-

21. သူ​တို့​၏​တောင်း​လျှောက်​ချက်​ကို​မ​လိုက်​လျော ပါ​နှင့်။ လမ်း​တွင်​လူ​လေး​ဆယ်​ကျော်​ပုန်း​ကွယ် ချောင်း​မြောင်း​စောင့်​ဆိုင်း​လျက်​ရှိ​ပါ​၏။ ထို​သူ တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မ​စား မ​သောက်​ဘဲ​နေ​မည်​ဟု​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ထား ကြ​ပါ​၏။ ယ​ခု​ပင်​သူ​တို့​သည်​ပေါ​လု​ကို သတ်​ရန်​အ​သင့်​ပြင်​ဆင်​ကာ အ​ရှင်​၏​ဆုံး ဖြတ်​ချက်​ကို​စောင့်​ဆိုင်း​လျက်​ရှိ​နေ​ကြ​ပါ ပြီ'' ဟု​လျှောက်​၏။

22. တပ်​မှူး​က ``သင်​သည်​ဤ​ကဲ့​သို့​ငါ့​အား​တိုင် ကြား​ခဲ့​ကြောင်း​အ​ဘယ်​သူ​အား​မျှ​မ​ပြော နှင့်'' ဟု​ဆို​၍​ထို​လူ​ငယ်​ကို​ထွက်​ခွာ​သွား​စေ​၏။

23. ထို​နောက်​တပ်​မှူး​သည်​တပ်​ခွဲ​မှူး​နှစ်​ယောက်​ကို ခေါ်​၍ ``ယ​နေ့​ည​ကိုး​နာ​ရီ​အ​ချိန်​၌​ကဲ​သ​ရိ မြို့​သို့​သွား​ရန်​စစ်​သား​နှစ်​ရာ၊ မြင်း​တပ်​သား ခု​နစ်​ဆယ်​နှင့်​လှံ​တပ်​သား​နှစ်​ရာ​တို့​ကို​ယ​နေ့ ည​ကိုး​နာ​ရီ​၌​ထွက်​ခွာ​ရန်​အ​သင့်​ရှိ​စေ​ကြ လော့။-

24. ပေါ​လု​အ​တွက်​မြင်း​များ​ကို​လည်း​အ​သင့် ပြင်​ထား​လော့။ သူ့​ကို​ဘု​ရင်​ခံ​မင်း​ဖေ​လဇ် ထံ​သို့​ကြပ်​မတ်​၍​ပို့​ကြ​လော့'' ဟု​အ​မိန့် ပေး​၏။-

25. တပ်​မှူး​သည်​စာ​တစ်​စောင်​ကို​လည်း​ရေး​၍​ပေး လိုက်​၏။

26. ထို​စာ​တွင် ``က​လော​ဒိ​လု​သိ​ထံ​မှ​အ​ရှင် ဖေ​လဇ်​မင်း​ထံ​သို့​ရို​သေ​စွာ​အ​စီ​ရင်​ခံ​အပ် ပါ​သည်။-

27. ယု​ဒ​အ​မျိုး​သား​တို့​သည်​ဤ​သူ့​ကို​ဖမ်း​ဆီး ၍​သတ်​မည်​ပြု​ကြ​ပါ​၏။ သူ​သည်​ရော​မ​နိုင်​ငံ သား​ဖြစ်​ကြောင်း​ကို​အ​ကျွန်ုပ်​ကြား​သိ​ရ သ​ဖြင့် စစ်​သား​များ​နှင့်​အ​တူ​သွား​၍​သူ့ အား​ကယ်​ဆယ်​ခဲ့​ပါ​၏။-

တမန်တော်ဝတ္ထု 23