တမန်တော်ဝတ္ထု 21:8-20 Common Language Bible (BCL)

8. နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။-

9. သူ့​မှာ​အိမ်​ထောင်​မ​ကျ​သေး​သော​သ​မီး​လေး ယောက်​ရှိ​၏။ ထို​သ​မီး​တို့​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​သူ များ​ဖြစ်​ကြ​၏။-

10. ထို​အိမ်​တွင်​ကျွန်ုပ်​တို့​တည်း​ခို​၍​ရက်​အ​တော် အ​တန်​ကြာ​သော​အ​ခါ အာ​ဂ​ဗု​နာ​မည်​ရှိ သော​ပ​ရော​ဖက်​သည်​ယု​ဒ​ပြည်​မှ​ရောက်​ရှိ လာ​၏။-

11. သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

12. ထို​စ​ကား​ကို​ကြား​လျှင်​ကျွန်ုပ်​တို့​နှင့်​ထို​အ​ရပ် ရှိ​လူ​တို့​က ``ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​အောင် ဆက်​၍​မ​သွား​ပါ​နှင့်'' ဟု​ပေါ​လု​အား​တောင်း ပန်​ကြ​၏။-

13. ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

14. ပေါ​လု​အား​တောင်း​ပန်​၍​မ​ရ​သော​အ​ခါ ကျွန်ုပ် တို့​သည် ``သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​ကာ​လက်​လျှော့​လိုက် ကြ​၏။

15. ရက်​အ​နည်း​ငယ်​ကြာ​သော်​ကျွန်ုပ်​တို့​သည်​ပစ္စည်း များ​ကို​ထုပ်​ပိုး​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး ဆက်​ကြ​၏။-

16. ကဲ​သ​ရိ​မြို့​မှ​တ​ပည့်​တော်​အ​ချို့​တို့​သည် ကျွန်ုပ်​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပြီး​လျှင် ကျွန်ုပ်​တို့ အား​ကု​ပ​ရု​ကျွန်း​သား​တ​ပည့်​တော်​ဟောင်း တစ်​ဦး​ဖြစ်​သူ​မ​နာ​သုန်​၏​အိမ်​သို့​တည်း​ခို ရန်​ခေါ်​သွား​ကြ​၏။

17. ယေ​ရု​ရှ​လင်​မြို့​သို့​ကျွန်ုပ်​တို့​ရောက်​ကြ​သော အ​ခါ ညီ​အစ်​ကို​များ​က​လှိုက်​လှဲ​စွာ​ကြို​ဆို ကြ​၏။-

18. နောက်​တစ်​နေ့​၌​ပေါ​လု​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ ယာ​ကုပ်​ထံ​သို့​သွား​ရောက်​တွေ့​ဆုံ​၏။ အ​သင်း တော်​လူ​ကြီး​အ​ပေါင်း​တို့​လည်း​သူ့​ထံ​တွင် ရောက်​ရှိ​နေ​ကြ​၏။-

19. ပေါ​လု​သည်​ထို​သူ​တို့​အား​နှုတ်​ဆက်​ပြီး​နောက် မိ​မိ​မှ​တစ်​ဆင့် လူ​မျိုး​ခြား​တို့​အား​ဘု​ရား သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​ကို​တင်​ပြ​၏။-

20. ထို​သို့​တင်​ပြ​သည်​ကို​ကြား​သော​အ​ခါ ထို​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။ ထို​နောက်​ပေါ​လု​အား ``ငါ​တို့​ညီ၊ ယုံ​ကြည် သူ​ယု​ဒ​အ​မျိုး​သား​တို့​ထောင်​ပေါင်း​များ​စွာ ရှိ​ကြောင်း၊ သူ​တို့​အား​လုံး​ပင်​ပ​ညတ်​တ​ရား ကို​စွဲ​လန်း​သူ​များ​ဖြစ်​ကြောင်း​သင်​အ​သိ ပင်​ဖြစ်​သည်။-

တမန်တော်ဝတ္ထု 21