29. (အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေါလုကို ဧဖက်မြို့သားတရောဖိမ်ဆိုသူနှင့်အတူ မြို့ ထဲတွင်တွေ့မြင်ခဲ့သဖြင့် ထိုသူအားဗိမာန် တော်ထဲသို့ပေါလုခေါ်ဆောင်ခဲ့သည်ဟုထင် မှတ်သောကြောင့်ဖြစ်၏။)
30. တစ်မြို့လုံးသည်ရှုပ်ယှက်ခတ်ဖြစ်လျက် လူတို့ သည်ပြေး၍လာပြီးလျှင်ပေါလုကိုဖမ်းဆီး ကာ ဗိမာန်တော်အပြင်သို့ဆွဲထုတ်သွားကြ၏။ ထိုနောက်ချက်ချင်းဗိမာန်တော်တံခါးများ ကိုပိတ်လိုက်ကြ၏။-
31. သူတို့သည်ပေါလုကိုသတ်ရန်ကြိုးစားနေ စဉ်ရောမတပ်မှူးသည် ယေရုရှလင်မြို့တစ် မြို့လုံးရုံးရင်းဆန်ခတ်ဖြစ်လျက်နေသည် ဟုသတင်းရသဖြင့်၊-
32. ချက်ချင်းပင်စစ်သားများနှင့်တပ်ခွဲမှူးများ ကိုခေါ်၍ လူပရိသတ်ရှိရာသို့အပြေးလာ ခဲ့၏။ လူတို့သည်တပ်မှူးနှင့်စစ်သားများကို မြင်သောအခါပေါလုကိုမရိုက်ဘဲနေကြ၏။-