တမန်တော်ဝတ္ထု 21:13-27 Common Language Bible (BCL)

13. ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

14. ပေါ​လု​အား​တောင်း​ပန်​၍​မ​ရ​သော​အ​ခါ ကျွန်ုပ် တို့​သည် ``သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​ကာ​လက်​လျှော့​လိုက် ကြ​၏။

15. ရက်​အ​နည်း​ငယ်​ကြာ​သော်​ကျွန်ုပ်​တို့​သည်​ပစ္စည်း များ​ကို​ထုပ်​ပိုး​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး ဆက်​ကြ​၏။-

16. ကဲ​သ​ရိ​မြို့​မှ​တ​ပည့်​တော်​အ​ချို့​တို့​သည် ကျွန်ုပ်​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပြီး​လျှင် ကျွန်ုပ်​တို့ အား​ကု​ပ​ရု​ကျွန်း​သား​တ​ပည့်​တော်​ဟောင်း တစ်​ဦး​ဖြစ်​သူ​မ​နာ​သုန်​၏​အိမ်​သို့​တည်း​ခို ရန်​ခေါ်​သွား​ကြ​၏။

17. ယေ​ရု​ရှ​လင်​မြို့​သို့​ကျွန်ုပ်​တို့​ရောက်​ကြ​သော အ​ခါ ညီ​အစ်​ကို​များ​က​လှိုက်​လှဲ​စွာ​ကြို​ဆို ကြ​၏။-

18. နောက်​တစ်​နေ့​၌​ပေါ​လု​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ ယာ​ကုပ်​ထံ​သို့​သွား​ရောက်​တွေ့​ဆုံ​၏။ အ​သင်း တော်​လူ​ကြီး​အ​ပေါင်း​တို့​လည်း​သူ့​ထံ​တွင် ရောက်​ရှိ​နေ​ကြ​၏။-

19. ပေါ​လု​သည်​ထို​သူ​တို့​အား​နှုတ်​ဆက်​ပြီး​နောက် မိ​မိ​မှ​တစ်​ဆင့် လူ​မျိုး​ခြား​တို့​အား​ဘု​ရား သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​ကို​တင်​ပြ​၏။-

20. ထို​သို့​တင်​ပြ​သည်​ကို​ကြား​သော​အ​ခါ ထို​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။ ထို​နောက်​ပေါ​လု​အား ``ငါ​တို့​ညီ၊ ယုံ​ကြည် သူ​ယု​ဒ​အ​မျိုး​သား​တို့​ထောင်​ပေါင်း​များ​စွာ ရှိ​ကြောင်း၊ သူ​တို့​အား​လုံး​ပင်​ပ​ညတ်​တ​ရား ကို​စွဲ​လန်း​သူ​များ​ဖြစ်​ကြောင်း​သင်​အ​သိ ပင်​ဖြစ်​သည်။-

21. `သင်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင်​နေ​ထိုင် ကြ​သော​ယု​ဒ​အ​မျိုး​သား​များ​အား သင်​တို့ ၏​က​လေး​များ​ကို​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ပေး​ကြ​နှင့်။ သင်​တို့​သည်​ယု​ဒ​ထုံး​တမ်း စဉ်​လာ​များ​ကို​မ​လိုက်​နာ​ကြ​နှင့်' ဟု​ဆို​ကာ မော​ရှေ​၏​တ​ရား​ကို​စွန့်​ပယ်​စေ​ရန်​သွန်​သင် လျက်​ရှိ​ကြောင်း​ထို​သူ​တို့​ကြား​သိ​ကြ​၏။-

22. သို့​ဖြစ်​၍​ငါ​တို့​အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည် နည်း။ သင်​ရောက်​ရှိ​သည့်​သ​တင်း​ကို​သူ​တို့ ကြား​ကြ​မည်​မှာ​သေ​ချာ​ပါ​၏။-

23. ထို့​ကြောင့်​ငါ​တို့​ဆို​သည့်​အ​တိုင်း​ပြု​ပါ​လော့။ ငါ​တို့​တွင်​သစ္စာ​က​တိ​ပြု​ထား​သော​လူ​လေး ယောက်​ရှိ​၏။-

24. ထို​သူ​တို့​ကို​ခေါ်​သွား​ပြီး​လျှင်​သန့်​စင်​ခြင်း မင်္ဂ​လာ​ကို​သူ​တို့​နှင့်​အ​တူ​ပြု​ပါ​လော့။ သူ​တို့ အ​တွက်​ဦး​ခေါင်း​ရိတ်​ခ​ငွေ​ကို​သင်​ကျ​ခံ​ပါ။ ဤ​သို့​ပြု​ပါ​မူ​သင့်​အ​ကြောင်း​လူ​တို့​ကြား​ခဲ့ ကြ​သည့်​သ​တင်း​စ​ကား​များ​မှာ အ​ခြေ​အ​မြစ် မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​ကိုယ်​တိုင်​ပင် လျှင်​ပ​ညတ်​တ​ရား​ကို​တိ​ကျ​စွာ​စောင့်​ထိန်း ကြောင်း​ကို​လည်း​ကောင်း​လူ​တိုင်း​သိ​ရှိ​ပါ လိမ့်​မည်။-

25. ယုံ​ကြည်​သူ​လူ​မျိုး​ခြား​တို့​အ​တွက်​မူ​ကား ရုပ်​တု​များ​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ၊ သွေး၊ လည်​ညှစ်​သား​တို့​ကို​မ​စား​ရန်​နှင့်​ကာ​မ​ဂုဏ် လိုက်​စား​မှု​ကို​ရှောင်​ကြဉ်​ရန် ငါ​တို့​စီ​ရင်​ဆုံး ဖြတ်​၍​သူ​တို့​ထံ​သို့​စာ​ရေး​အ​ကြောင်း ကြား​ပြီး​ပါ​ပြီ'' ဟု​ဆို​ကြ​၏။

26. သို့​ဖြစ်​၍​ပေါ​လု​သည်​နောက်​တစ်​နေ့​၌​ထို​လူ လေး​ယောက်​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု​လေ​၏။ ထို​နောက်​သူ သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​စင်​ခြင်း​မင်္ဂ​လာ ပြု​ရာ​ကာ​လ​ပြီး​ဆုံး​မည့်​အ​ချိန်​နှင့် မိ​မိ​တို့ တစ်​ဦး​စီ​အ​တွက်​ပူ​ဇော်​သ​ကာ​ဆက်​သ​ရ​မည့် အ​ချိန်​တို့​ကို​ကြို​တင်​အ​ကြောင်း​ကြား​ထား လေ​သည်။

27. ခု​နစ်​ရက်​ကာ​လ​ကုန်​ဆုံး​ချိန်​နီး​သော​အ​ခါ အာ​ရှ​နယ်​မှ​ယု​ဒ​အ​မျိုး​သား​အ​ချို့​တို့​သည် ပေါ​လု​ကို​ဗိ​မာန်​တော်​တွင်​တွေ့​မြင်​ကြ​၏။ သူ တို့​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဆွ​ပေး​ပြီး​လျှင် ပေါ​လု​ကို​ဖမ်း​ဆီး​ကြ​၏။-

တမန်တော်ဝတ္ထု 21