တမန်တော်ဝတ္ထု 21:1-8 Common Language Bible (BCL)

1. ကျွန်ုပ်​တို့​သည်​ထို​သူ​တို့​ထံ​မှ​ခွဲ​ခွာ​ပြီး​လျှင် တည့်​တည့်​သင်္ဘော​လွှင့်​၍​ကော​သ​ကျွန်း​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​ရော​ဒု​ကျွန်း​သို့​လည်း ကောင်း၊ ထို​ကျွန်း​မှ​တစ်​ဖန်​ပါ​တ​ရ​မြို့​သို့ လည်း​ကောင်း​ရောက်​ကြ​၏။-

2. ဖိ​နိတ်​ပြည်​သို့​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် ထို​သင်္ဘော​ပေါ်​သို့​တက်​၍​ခ​ရီး ပြု​ကြ​ပြီး​နောက်၊-

3. ကျွန်ုပ်​တို့​သည်​ကု​ပ​ရု​ကျွန်း​ကို​မြင်​ရ​သော​အ​ခါ ထို​ကျွန်း​၏​တောင်​ဘက်​မှ​ဖြတ်​၍​ရှု​ရိ​ပြည်​သို့ သင်္ဘော​လွှင့်​ကြ​လေ​သည်။ တု​ရု​မြို့​တွင်​ကုန်​ပစ္စည်း များ​ကို​ချ​ရ​မည်​ဖြစ်​၍ ထို​မြို့​တွင်​သင်္ဘော​ကို ဆိုက်​ကပ်​ကြ​၏။-

4. ထို​အ​ရပ်​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့ သ​ဖြင့် ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ခု​နစ် ရက်​မျှ​နေ​ကြ​၏။ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် ပေါ​လု​အား ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​၍​မ​သွား​ရန်​ပြော ကြား​ကြ​၏။-

5. သို့​ရာ​တွင်​ခု​နစ်​ရက်​စေ့​သော​အ​ခါ ကျွန်ုပ်​တို့ သည်​ဆက်​၍​ခ​ရီး​ပြု​ကြ​လေ​သည်။ တ​ပည့် တော်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ဇ​နီး​များ၊ က​လေး​များ​နှင့်​အ​တူ​မြို့​ပြင်​ပင်​လယ်​ကမ်း သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ကျွန်ုပ်​တို့​သည် ပင်​လယ်​ကမ်း​ပေါ်​တွင်​ဒူး​ထောက်​၍​ဆု​တောင်း ကြ​၏။-

6. ထို​နောက်​တစ်​ဦး​နှင့်​တစ်​ဦး​နှုတ်​ဆက်​ပြီး​လျှင် ကျွန်ုပ်​တို့​သည်​သင်္ဘော​ပေါ်​သို့​တက်​၍​သူ​တို့ သည်​မိ​မိ​တို့​အိမ်​သို့​ပြန်​ကြ​၏။

7. တု​ရု​မြို့​မှ​ဆက်​၍​ခ​ရီး​ပြု​ကြ​ရာ ကျွန်ုပ်​တို့ သည်​ပ​တော​လင်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့ တွင်​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ပြီး​နောက် သူ​တို့​ထံ​တွင်​တစ်​ရက်​မျှ​တည်း​ခို​ကြ​၏။-

8. နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။-

တမန်တော်ဝတ္ထု 21