5. ထိုသူတို့သည်ကြိုတင်သွားနှင့်ကြပြီး နောက်ကျွန်ုပ်တို့အား တရောမြို့တွင်စောင့် နေကြ၏။-
6. ကျွန်ုပ်တို့မူကားတဆေးမဲ့မုန့်ပွဲလွန်သော အခါ ဖိလိပ္ပုမြို့မှသင်္ဘောလွှင့်၍လာရာငါး ရက်ကြာသော် သူတို့ရှိရာတရောမြို့သို့ ရောက်၍ထိုမြို့တွင်ခုနစ်ရက်မျှနေကြ၏။
7. ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။-
8. ကျွန်ုပ်တို့စုဝေးရာအထက်ခန်းတွင်ထွန်းညှိ ထားသောမီးခွက်အမြောက်အမြားရှိ၏။-
9. ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။-
10. သို့ရာတွင်ပေါလုသည်အောက်သို့ဆင်းလာ ကာ ထိုသူ၏အပေါ်၌မှောက်လှဲဖက်ယမ်း ပြီးနောက်လူတို့အား ``မစိုးရိမ်ကြနှင့်၊ သူ သည်အသက်ရှင်လျက်ပင်ရှိသေးသည်'' ဟု ဆို၏။-
11. ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။-
12. တပည့်တော်တို့သည်အသက်ရှင်လျက်ရှိသည့် လူငယ်ကို သူ၏အိမ်သို့ခေါ်ဆောင်သွားပြီး မှများစွာစိတ်သက်သာရာရကြ၏။
13. ကျွန်ုပ်တို့သည်သင်္ဘောသို့အလျင်သွား၍အဿု မြို့သို့လွှင့်ကြ၏။ အဿုမြို့သို့ရောက်မှပေါလု အားသင်္ဘောစီးစေရန်ဖြစ်၏။ ပေါလုသည်ထို မြို့သို့ကုန်းကြောင်းဖြင့်သွားရန်စီစဉ်ထား ခြင်းဖြစ်ပေသည်။-
14. ကျွန်ုပ်တို့သည်သူ့ကိုအဿုမြို့တွင်တွေ့ဆုံ၍ သူ့အား သင်္ဘောပေါ်သို့ခေါ်တင်ပြီးလျှင်မိတု လင်မြို့သို့လွှင့်ကြ၏။-
15. နောက်တစ်နေ့၌ခိအုကျွန်းအနီးသို့ရောက် ကြ၏။ နောက်တစ်ရက်ကြာသော်သာမုကျွန်း သို့ရောက်၍ နောက်တစ်ရက်အကြာတွင်မိလက် မြို့သို့ရောက်ကြ၏။-
16. ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
17. သို့ရာတွင်ပေါလုသည်ဧဖက်မြို့အသင်းတော် လူကြီးတို့အား မိမိနှင့်လာရောက်တွေ့ဆုံရန် မိလက်မြို့မှလူလွှတ်အကြောင်းကြားလိုက်၏။-
18. ထိုသူတို့ရောက်ရှိကြသောအခါပေါလုက ``ငါ သည်အာရှနယ်သို့ရောက်သည့်နေ့မှစ၍ သင်တို့ နှင့်အတူရှိနေသည့်အချိန်ကာလတစ်လျှောက် လုံးတွင် မည်သို့ပြုမူကျင့်ကြံခဲ့သည်ကိုသင် တို့အသိပင်ဖြစ်၏။-
19. ယုဒအမျိုးသားတို့၏မသမာသောအကြံ အစည်များကြောင့်ဆင်းရဲဒုက္ခရောက်လျက် ရှိချိန်တွင် ငါသည်မျက်ရည်ကျလျက်စိတ် နှလုံးနှိမ့်ချကာ သခင်ဘုရား၏အစေခံ အဖြစ်ဖြင့်အမှုတော်ကိုထမ်းဆောင်ခဲ့၏။-
20. လူပရိသတ်ရှေ့တွင်လည်းကောင်း၊ သင်တို့ အိမ်များတွင်လည်းကောင်း ငါဟောပြောသွန် သင်သောအခါသင်တို့အားအကျိုးရှိစေ မည့်စကားများကိုအဘယ်အခါ၌မျှ ချန်လှပ်၍မထားခဲ့။-
21. နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။-
22. ယခုမှာငါသည်ဝိညာဉ်တော်၏အမိန့်ကို နာခံ၍ ယေရုရှလင်မြို့သို့သွားရမည်။ ထို မြို့တွင်အဘယ်သို့ဖြစ်မည်ကိုငါမသိ။-
23. သန့်ရှင်းသောဝိညာဉ်တော်က `သင်သည်ချည် နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရလိမ့်မည်' ဟူ ၍မြို့တိုင်းတွင် ငါ့အားကြိုတင်သတိပေး သည်ကိုသာလျှင်ငါသိ၏။-