27. အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
28. သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
29. ငါမရှိသည့်နောက်လူအချို့တို့သည်သင်တို့ ထံသို့ဝင်ရောက်၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့သိုးများကိုမညှာဘဲ ပြုမူကြမည်ဖြစ်ကြောင်းကိုငါသိ၏။-
30. သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။-
31. သို့ဖြစ်၍သတိနှင့်နေကြလော့။ ငါသည်သင် တို့အပေါင်းအားသုံးနှစ်ပတ်လုံးနေ့ညမပြတ် မျက်ရည်ကျလျက်ဆုံးမသွန်သင်ခဲ့သည်ကို သတိရကြလော့။''
32. ``ယခုသင်တို့အားဘုရားသခင်၏လက် တော်သို့လည်းကောင်း၊ ကျေးဇူးတော်တရား သို့လည်းကောင်းငါအပ်နှံပါ၏။ ထိုကျေးဇူး တော်တရားသည်သင်တို့ကိုတည်ဆောက်၍ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့အတွက် လျာထားသည့်ကောင်းချီးမင်္ဂလာများကိုသင် တို့အားခံစားစေလိမ့်မည်။-
33. ငါသည်သူတစ်ပါး၏ရွှေငွေအဝတ်အစား ကိုလိုချင်တပ်မက်ခြင်းမရှိခဲ့။-
34. ငါသည်ဤလက်များဖြင့်အလုပ်လုပ်၍ ငါ နှင့်အပေါင်းဖော်များ၏လိုအပ်သည်များ ကိုဖြည့်တင်းခဲ့ကြောင်းသင်တို့ကိုယ်တိုင် သိကြ၏။-