25. ``ငါသည်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကို သင်တို့ထံသို့လှည့်လည်ဟောပြောကြေညာ ခဲ့၏။ သို့ရာတွင်သင်တို့အနက်အဘယ်သူမျှ ငါ့မျက်နှာကိုနောက်တစ်ဖန်မြင်ရကြလိမ့် မည်မဟုတ်ကြောင်းကိုငါသိ၏။-
26. သို့ဖြစ်၍သင်တို့အနက်တစ်ဦးတစ်ယောက် သည် အသက်ဝိညာဉ်ဆုံးရှုံးပါမူငါ၏တာဝန် မဟုတ်ကြောင်း ယနေ့သင်တို့ကိုအလေးအနက် ငါပြော၏။-
27. အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
28. သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
29. ငါမရှိသည့်နောက်လူအချို့တို့သည်သင်တို့ ထံသို့ဝင်ရောက်၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့သိုးများကိုမညှာဘဲ ပြုမူကြမည်ဖြစ်ကြောင်းကိုငါသိ၏။-
30. သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။-
31. သို့ဖြစ်၍သတိနှင့်နေကြလော့။ ငါသည်သင် တို့အပေါင်းအားသုံးနှစ်ပတ်လုံးနေ့ညမပြတ် မျက်ရည်ကျလျက်ဆုံးမသွန်သင်ခဲ့သည်ကို သတိရကြလော့။''