23. သန့်ရှင်းသောဝိညာဉ်တော်က `သင်သည်ချည် နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရလိမ့်မည်' ဟူ ၍မြို့တိုင်းတွင် ငါ့အားကြိုတင်သတိပေး သည်ကိုသာလျှင်ငါသိ၏။-
24. သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
25. ``ငါသည်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကို သင်တို့ထံသို့လှည့်လည်ဟောပြောကြေညာ ခဲ့၏။ သို့ရာတွင်သင်တို့အနက်အဘယ်သူမျှ ငါ့မျက်နှာကိုနောက်တစ်ဖန်မြင်ရကြလိမ့် မည်မဟုတ်ကြောင်းကိုငါသိ၏။-
26. သို့ဖြစ်၍သင်တို့အနက်တစ်ဦးတစ်ယောက် သည် အသက်ဝိညာဉ်ဆုံးရှုံးပါမူငါ၏တာဝန် မဟုတ်ကြောင်း ယနေ့သင်တို့ကိုအလေးအနက် ငါပြော၏။-
27. အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
28. သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
29. ငါမရှိသည့်နောက်လူအချို့တို့သည်သင်တို့ ထံသို့ဝင်ရောက်၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့သိုးများကိုမညှာဘဲ ပြုမူကြမည်ဖြစ်ကြောင်းကိုငါသိ၏။-
30. သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။-
31. သို့ဖြစ်၍သတိနှင့်နေကြလော့။ ငါသည်သင် တို့အပေါင်းအားသုံးနှစ်ပတ်လုံးနေ့ညမပြတ် မျက်ရည်ကျလျက်ဆုံးမသွန်သင်ခဲ့သည်ကို သတိရကြလော့။''
32. ``ယခုသင်တို့အားဘုရားသခင်၏လက် တော်သို့လည်းကောင်း၊ ကျေးဇူးတော်တရား သို့လည်းကောင်းငါအပ်နှံပါ၏။ ထိုကျေးဇူး တော်တရားသည်သင်တို့ကိုတည်ဆောက်၍ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့အတွက် လျာထားသည့်ကောင်းချီးမင်္ဂလာများကိုသင် တို့အားခံစားစေလိမ့်မည်။-
33. ငါသည်သူတစ်ပါး၏ရွှေငွေအဝတ်အစား ကိုလိုချင်တပ်မက်ခြင်းမရှိခဲ့။-
34. ငါသည်ဤလက်များဖြင့်အလုပ်လုပ်၍ ငါ နှင့်အပေါင်းဖော်များ၏လိုအပ်သည်များ ကိုဖြည့်တင်းခဲ့ကြောင်းသင်တို့ကိုယ်တိုင် သိကြ၏။-
35. ငါ၏နည်းတူသင်တို့သည်လည်းခပ်သိမ်းသော အခြေအနေတွင် အလုပ်ကိုကြိုးစား၍လုပ် ပြီးလျှင် နွမ်းပါးသူတို့ကိုကူညီမစကြရန် ငါပြသခဲ့ပြီ။ သခင်ယေရှုက `စွန့်ကြဲခြင်း သည်အစွန့်ကြဲခံခြင်းထက်ပို၍မင်္ဂလာရှိ၏' ဟုမိန့်တော်မူခဲ့သည်ကိုသတိရကြလော့'' ဟုဆို၏။
36. ထိုနောက်ပေါလုသည်ဒူးထောက်၍ထိုသူတို့ နှင့်အတူဆုတောင်းလေသည်။-
37. သူတို့သည်ပေါလုကိုဖက်ယမ်းလျက် ငိုယို ကာနမ်းရှုပ်၍နှုတ်ဆက်ကြ၏။-
38. ပေါလုသည်မိမိအားနောက်တစ်ဖန်တွေ့မြင် ရတော့မည်မဟုတ်ဟုဆိုသဖြင့် ထိုသူတို့သည် အထူးဝမ်းနည်းကြ၏။ ထို့နောက်ပေါလုအား သင်္ဘောသို့လိုက်ပို့ကြ၏။