တမန်တော်ဝတ္ထု 2:3-10 Common Language Bible (BCL)

3. သူ​တို့​သည်​မီး​လျှာ​များ​နှင့်​တူ​သည့်​အ​ရာ များ​ကို​လည်း​မြင်​ရ​ကြ​၏။ ယင်း​မီး​လျှာ​တို့ သည်​အ​ဖြာ​ဖြာ​ကွဲ​ကာ ထို​သူ​တို့​အ​သီး သီး​အ​ပေါ်​တွင်​တည်​နေ​၏။-

4. ထို​သူ​တို့​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​ပေး​အပ်​တော်​မူ​သည့် တန်​ခိုး​စွမ်း​ရည်​အ​တိုင်း​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ဟော​ပြော​ကြ​ကုန်​၏။

5. ထို​ကာ​လ​၌​ကမ္ဘာ​ပေါ်​ရှိ​တိုင်း​ပြည်​အ​သီး​သီး မှ လာ​ရောက်​ကြ​သော​ဘု​ရား​တ​ရား​ရို​သေ​ကိုင်း ရှိုင်း​သူ ယု​ဒ​အ​မျိုး​သား​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​တည်း​နေ​ကြ​၏။-

6. ထို​အ​သံ​ကို​ကြား​သော​အ​ခါ​လူ​ပ​ရိ​သတ် တို့​သည်​စု​ရုံး​လာ​ကြ​၏။ တ​ပည့်​တော်​တို့​ဟော ပြော​ချက်​များ​ကို လူ​တိုင်း​ပင်​မိ​မိ​ဘာ​သာ စ​ကား​ဖြင့်​ကြား​ကြ​ရ​သ​ဖြင့်​သူ​တို့​သည် အံ့​အား​သင့်​ကြ​၏။-

7. အံ့​သြ​မိန်း​မော​တွေ​ဝေ​ကာ``ဤ​သို့​ဟော​ပြော နေ​ကြ​သူ​တို့​ကား​ဂါ​လိ​လဲ​ပြည်​သား​များ မ​ဟုတ်​ပါ​လော။-

8. ဟုတ်​သည်​ဆို​ပါ​မူ​ငါ​တို့​အား​လုံး​သည် မိ​မိ တို့​တိုင်း​ရင်း​သား​ဘာ​သာ​စ​ကား​အ​တိုင်း အ​သီး သီး​ကြား​ကြ​ရ​သည်​ကား​အ​သို့​နည်း။-

9. ငါ​တို့​သည်​ပါ​သိ​ပြည်၊ မေ​ဒိ​ပြည်၊ ဧ​လံ ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှိ​ပြည်၊-

10. ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊-

တမန်တော်ဝတ္ထု 2