တမန်တော်ဝတ္ထု 2:26-37 Common Language Bible (BCL)

26. သို့​ဖြစ်​၍​ငါ​၏​စိတ်​နှ​လုံး​သည်​ရွှင်​လန်း​လျက်၊ငါ​၏​နှုတ်​သည်​ရွှင်​ပြ​သော​စ​ကား​များ​ဖြင့် ပြည့်​လျက်​ရှိ​ပါ​၏။ငါ​သည်​သေ​မျိုး​ပင်​ဖြစ်​သော်​လည်း​မျှော်​လင့်​လျက် ငြိမ်​ဝပ်​စိတ်​ချ​စွာ​နေ​ပါ​မည်။

27. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အားသင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။

28. အ​သက်​ရှင်​ရာ​လမ်း​သို့​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​ပြ​ညွှန်​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​နှင့်​အ​တူ ရှိ​တော်​မူ​ခြင်း​ဖြင့်ကျွန်​တော်​မျိုး​အား​ဝမ်း​မြောက် စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​၏။

29. ``ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​နာ​မည်​ကျော်​အ​ဖ ဖြစ်​သော​ဒါ​ဝိဒ်​မင်း​၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား​ရှင်း​လင်း​စွာ​ဖော်​ပြ​ပါ​ရ​စေ။ သူ သည်​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။ သူ​၏ သင်္ချိုင်း​သည်​ယ​နေ့​တိုင်​အောင်​ငါ​တို့​မျက်​မှောက် တွင်​ရှိ​သေး​၏။-

30. သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​မိ​မိ​၏​သား​မြေး တစ်​ဦး​ကို ရှင်​ဘု​ရင်​အ​ဖြစ်​ခန့်​တော်​မူ​မည် ဟု ဘု​ရား​သ​ခင်​ဋ္ဌိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​ခဲ့ ကြောင်း​ကို​သိ​၏။-

31. နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊`ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်'ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။-

32. ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

33. ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။-

34-35. ဒါ​ဝိဒ်​မင်း​သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ သည်​မ​ဟုတ်။ သို့​ရာ​တွင်​ဒါ​ဝိဒ်​မင်း​က၊`ငါ​၏​လက်​ယာ​ဘက်​၌​ထိုင်​နေ​လော့။သင်​၏​ရန်​သူ​များ​ကို​သင်​၏​ခြေ​တင်​ခုံ​ဖြစ် စေ​မည်​ဟုထာ​ဝ​ရ​ဘု​ရား​က​ငါ​၏​အ​ရှင်​အား​မိန့်​တော် မူ​၏'ဟူ​၍​ဖော်​ပြ​ခဲ့​၏။-

36. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။

37. ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။

တမန်တော်ဝတ္ထု 2