23. ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
24. သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
25. ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊`ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
26. သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။
27. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအားသင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။
28. အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့်ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။
29. ``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။-
30. သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။-