တမန်တော်ဝတ္ထု 19:37-40 Common Language Bible (BCL)

37. သင်​တို့​သည်​ထို​သူ​တို့​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ သူ​တို့​သည်​ငါ​တို့​၏​ဗိ​မာန်​တော်​ထဲ​ဝင် ၍​လု​ယက်​ခြင်း​မ​ပြု။ ငါ​တို့​၏​နတ်​သ​မီး​ကို စော်​ကား​သော​စ​ကား​ကို​လည်း​မ​ပြော။-

38. သို့​ဖြစ်​၍​ဒေ​မေ​တ​ရိ​နှင့်​အ​ပေါင်း​ပါ​လက်​မှု ပ​ညာ​သည်​များ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား တ​ရား​စွဲ​ဆို​လို​လျှင် တ​ရား​ရုံး​ဖွင့်​ရက်​များ နှင့်​အာ​ဏာ​ပိုင်​များ​ရှိ​သ​ဖြင့် ရုံး​တော်​တွင် တ​ရား​စွဲ​ဆို​နိုင်​ပါ​၏။-

39. သို့​ရာ​တွင်​သင်​တို့​မှာ​အ​ခြား​အ​မှု​ကိစ္စ​ရှိ ပါ​က တ​ရား​ဝင်​အ​စည်း​အ​ဝေး​၌​စီ​ရင် ဆုံး​ဖြတ်​ရ​မည်။-

40. ယ​နေ့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​သည် ငါ​တို့ ကြောင့်​ဖြစ်​ရ​သည်​ဟု​အ​စွပ်​အ​စွဲ​ခံ​ရ​စ​ရာ ရှိ​၏။ ဤ​သို့​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စ​ရာ​အ​ကြောင်း မ​ရှိ။ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​ရ​သည်​ကို ငါ​တို့​ခိုင် လုံ​သည့်​အ​ကြောင်း​ပြ​ချက်​ပေး​နိုင်​ကြ​မည် မ​ဟုတ်'' ဟု​ဆို​၏။-

တမန်တော်ဝတ္ထု 19