တမန်တော်ဝတ္ထု 19:25-31 Common Language Bible (BCL)

25. သူ​သည်​ထို​လုပ်​ငန်း​ဆိုင်​ရာ​အ​လုပ်​သ​မား​များ နှင့်​အ​လား​တူ လုပ်​ငန်း​ဆိုင်​ရာ​အ​ခြား​အ​လုပ် သ​မား​များ​ကို​စု​ရုံး​စေ​ပြီး​လျှင် ``အ​ချင်း​လူ တို့၊ ဤ​လုပ်​ငန်း​ဖြင့် ငါ​တို့​စီး​ပွား​လမ်း​ဖြောင့်​ခဲ့ ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။-

26. ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-

27. လူ​တို့​သည်​ငါ​တို့​၏​အ​တတ်​ကို​ကဲ့​ရဲ့​ပြော​ဆို မည်​သာ​မ​က​အာ​ရှ​ပြည်​နှင့်​တ​ကွ ကမ္ဘာ​တစ်​ဝန်း လုံး​ကိုး​ကွယ်​သည့်​အာ​တေ​မိ​နတ်​သ​မီး​ကြီး​၏ ဂုဏ်​အ​သ​ရေ​ညှိုး​နွမ်း​လျက် သူ​၏​နတ်​ကွန်း​သည် လည်း​မ​ရေ​မ​ရာ​ဖြစ်​ရ​တော့​မည့်​ဘေး​နှင့်​ရင် ဆိုင်​နေ​ရ​၏'' ဟု​ပြော​၏။

28. ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။-

29. တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-

30. ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။-

31. ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-

တမန်တော်ဝတ္ထု 19