23. ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။-
24. ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။-
25. သူသည်ထိုလုပ်ငန်းဆိုင်ရာအလုပ်သမားများ နှင့်အလားတူ လုပ်ငန်းဆိုင်ရာအခြားအလုပ် သမားများကိုစုရုံးစေပြီးလျှင် ``အချင်းလူ တို့၊ ဤလုပ်ငန်းဖြင့် ငါတို့စီးပွားလမ်းဖြောင့်ခဲ့ ကြောင်းကိုသင်တို့သိကြ၏။-
26. ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
27. လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။
28. ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။-
29. တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
30. ပေါလုသည်မိမိကိုယ်တိုင်ထိုလူပရိသတ် နှင့်ရင်ဆိုင်လို၏။ သို့သော်တပည့်တော်တို့က ထိုသို့မပြုရန်ဆီးတားကြ၏။-
31. ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။-
32. ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-
33. လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။-
34. သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။
35. နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။-
36. ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
37. သင်တို့သည်ထိုသူတို့ကို ဤနေရာသို့ခေါ်ဆောင် ခဲ့ကြ၏။ သူတို့သည်ငါတို့၏ဗိမာန်တော်ထဲဝင် ၍လုယက်ခြင်းမပြု။ ငါတို့၏နတ်သမီးကို စော်ကားသောစကားကိုလည်းမပြော။-
38. သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။-