23. ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။-
24. ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။-
25. သူသည်ထိုလုပ်ငန်းဆိုင်ရာအလုပ်သမားများ နှင့်အလားတူ လုပ်ငန်းဆိုင်ရာအခြားအလုပ် သမားများကိုစုရုံးစေပြီးလျှင် ``အချင်းလူ တို့၊ ဤလုပ်ငန်းဖြင့် ငါတို့စီးပွားလမ်းဖြောင့်ခဲ့ ကြောင်းကိုသင်တို့သိကြ၏။-
26. ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
27. လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။
28. ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။-
29. တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
30. ပေါလုသည်မိမိကိုယ်တိုင်ထိုလူပရိသတ် နှင့်ရင်ဆိုင်လို၏။ သို့သော်တပည့်တော်တို့က ထိုသို့မပြုရန်ဆီးတားကြ၏။-
31. ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။-
32. ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-