တမန်တော်ဝတ္ထု 19:13-16 Common Language Bible (BCL)

13. ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-

14. ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။

15. သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။

16. ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။-

တမန်တော်ဝတ္ထု 19