1. ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
2. ``သင်တို့သည်ယုံကြည်သူများဖြစ်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ယူရကြပါ၏လော'' ဟုမေး၏။ထိုသူတို့က ``သန့်ရှင်းသောဝိညာဉ်တော်ရှိ တော်မူကြောင်းကိုပင် ကျွန်ုပ်တို့မကြားဘူး ပါ'' ဟုဆိုကြ၏။
3. ပေါလုက ``ဤသို့ဖြစ်ပါမူသင်တို့သည် အဘယ်မည်သောဗတ္တိဇံမင်္ဂလာကိုခံခဲ့ ကြပါသနည်း'' ဟုမေး၏။သူတို့က ``ယောဟန်၏ဗတ္တိဇံမင်္ဂလာကို ခံခဲ့ပါသည်'' ဟုဆိုကြ၏။
4. ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။
5. ထိုစကားကိုကြားလျှင်သူတို့သည် သခင် ယေရှု၏နာမတော်ကိုအမှီပြု၍ဗတ္တိဇံ မင်္ဂလာခံကြ၏။-
6. ပေါလုသည်သူတို့၏ဦးခေါင်းအပေါ်မှာ လက်ကိုတင်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ် တော်သည်သူတို့၏အပေါ်သို့သက်ရောက်တော် မူ၏။ ထိုအခါသူတို့သည်ထူးဆန်းသောဘာ သာစကားများကိုပြောကြ၏။ ဘုရားသခင် ၏တရားတော်ကိုလည်းဟောပြောကြေညာ ကြ၏။-
7. သူတို့အရေအတွက်မှာတစ်ဆယ့်နှစ်ယောက် မျှရှိသတည်း။-