တမန်တော်ဝတ္ထု 18:8-11 Common Language Bible (BCL)

8. တ​ရား​ဇ​ရပ်​အုပ်​ချုပ်​မှူး​ကရိပ္ပု​နှင့်​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ အ​ခြား ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​သည် လည်း နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​ရ​၍ ယုံ​ကြည်​ကာ​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ခံ​ယူ​ကြ​၏။

9. တစ်​ည​သ​၌​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​၏။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​က ``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​သည်​ဖြစ်​၍​မ ကြောက်​နှင့်။ ဆက်​လက်​ဟော​ပြော​လော့။ လက် မ​လျှော့​နှင့်။-

10. အ​ဘယ်​သူ​မျှ​သင့်​ကို​ဘေး​အန္တ​ရာယ်​မ​ပြု​နိုင်။ ဤ​မြို့​ရှိ​လူ​အ​မြောက်​အ​မြား​တို့​သည် ငါ့ လူ​စု​တော်​ဝင်​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​၏။-

11. သို့​ဖြစ်​၍​ပေါ​လု​သည်​ထို​မြို့​တွင်​တစ်​နှစ်​နှင့် ခြောက်​လ​မျှ​နေ​ထိုင်​ကာ ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သွန် သင်​လျက်​နေ​၏။

တမန်တော်ဝတ္ထု 18