6. ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
7. ထိုနောက်ထိုသူတို့ထံမှထွက်ခွာ၍ ဘုရား သခင်ကိုကိုးကွယ်သူတိတုယုတ္တုနာမည် ရှိသော ယုဒအမျိုးသားမဟုတ်သူ၏အိမ် သို့သွားရောက်တည်းခိုလေသည်။ ထိုအိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။-
8. တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
9. တစ်ညသ၌ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်၏။ ဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားက ``ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍မ ကြောက်နှင့်။ ဆက်လက်ဟောပြောလော့။ လက် မလျှော့နှင့်။-
10. အဘယ်သူမျှသင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့ရှိလူအမြောက်အမြားတို့သည် ငါ့ လူစုတော်ဝင်များဖြစ်ကြ၏'' ဟုမိန့်တော် မူ၏။-
11. သို့ဖြစ်၍ပေါလုသည်ထိုမြို့တွင်တစ်နှစ်နှင့် ခြောက်လမျှနေထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုဟောပြောသွန် သင်လျက်နေ၏။
12. ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
13. သူတို့က ``ဤသူသည်ပညတ်တရားတော် နှင့်ဆန့်ကျင်၍ ဘုရားသခင်ကိုကိုးကွယ် ကြစေရန်လူတို့အားသွေးဆောင်လျက် နေပါသည်'' ဟုလျှောက်ထားကြ၏။-