26. သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
27. သူသည်အခါယပြည်သို့သွားလိုသဖြင့် ဧဖက် မြို့ရှိညီအစ်ကိုများသည်သူ၏အတွက် အခါ ယပြည်ရှိတပည့်တော်တို့ထံသို့မိတ်ဆက် စာရေးခြင်းအားဖြင့်ကူညီကြ၏။ သူသည် အခါယပြည်သို့ရောက်သောအခါ ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်ယုံကြည် လာသူများအားများစွာအကူအညီ ပေး၏။-
28. အဘယ်ကြောင့်ဆိုသော်သူသည်လူထုရှေ့ ဆွေးနွေးပွဲများတွင် ကျမ်းစာတော်မှအထောက် အထားများဖြင့် သခင်ယေရှုသည်မေရှိယ ပင်ဖြစ်ကြောင်းကို ယုဒအမျိုးသားတို့အား ပိုင်နိုင်စွာချေပပြောဆိုသောကြောင့်ဖြစ်၏။