17. ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
18. ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။-
19. ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
20. လူတို့သည်မိမိတို့ထံတွင်ကြာမြင့်စွာနေ ထိုင်ရန် တောင်းပန်ကြသော်လည်းပေါလုသည် ငြင်းဆန်လျက်၊-
21. ``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
22. သူသည်ကဲသရိမြို့သို့ရောက်လျှင်သင်္ဘောမှ ဆင်းပြီးနောက် ယေရုရှလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်၏။ ထိုနောက်အန္တိ အုတ်မြို့သို့သွား၏။-
23. ထိုမြို့တွင်ကာလအတန်ကြာနေပြီးနောက် ခရီးထွက်ခဲ့ရာဂလာတိပြည်နှင့်ဖြုဂိ ပြည်တို့သို့ရောက်ရှိလျက် ယုံကြည်သူ အပေါင်းတို့ကိုကြံ့ခိုင်စေလေသည်။
24. အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
25. သခင်ဘုရား၏လမ်းစဉ်တော်အကြောင်းကို စုံလင်စွာလေ့လာသင်ယူထားသူလည်းဖြစ် ၏။ သူသည်သခင်ယေရှုနှင့်သက်ဆိုင်သော တိကျမှန်ကန်သည့်အကြောင်းပြချက်များ ကို စိတ်အားထက်သန်စွာဟောပြောသွန်သင်၏။ သို့သော်သူသည်ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။-
26. သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
27. သူသည်အခါယပြည်သို့သွားလိုသဖြင့် ဧဖက် မြို့ရှိညီအစ်ကိုများသည်သူ၏အတွက် အခါ ယပြည်ရှိတပည့်တော်တို့ထံသို့မိတ်ဆက် စာရေးခြင်းအားဖြင့်ကူညီကြ၏။ သူသည် အခါယပြည်သို့ရောက်သောအခါ ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်ယုံကြည် လာသူများအားများစွာအကူအညီ ပေး၏။-