1. ထိုနောက်ပေါလုသည်အာသင်မြို့မှထွက် ခွာ၍ ကောရိန္သုမြို့သို့ရောက်၏။-
2. ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။-
3. ထိုသူတို့သည်ပေါလုကဲ့သို့သားရေအလုပ် သမားများဖြစ်ကြ၏။ သို့ဖြစ်၍ပေါလုသည် သူတို့ထံသို့သွားပြီးလျှင် သူတို့နှင့်အတူ နေ၍အလုပ်လုပ်၏။-
4. ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
5. သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။-
6. ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
7. ထိုနောက်ထိုသူတို့ထံမှထွက်ခွာ၍ ဘုရား သခင်ကိုကိုးကွယ်သူတိတုယုတ္တုနာမည် ရှိသော ယုဒအမျိုးသားမဟုတ်သူ၏အိမ် သို့သွားရောက်တည်းခိုလေသည်။ ထိုအိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။-