တမန်တော်ဝတ္ထု 18:1-6 Common Language Bible (BCL)

1. ထို​နောက်​ပေါ​လု​သည်​အာ​သင်​မြို့​မှ​ထွက် ခွာ​၍ ကော​ရိ​န္သု​မြို့​သို့​ရောက်​၏။-

2. ထို​မြို့​တွင်​ပုန္တု​ပြည်​သား​အာ​ကု​လ​နာ​မည်​ရှိ သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​နှင့်​သူ​၏​ဇ​နီး ပြစ်​ကိ​လ​ကို​တွေ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​ရော​မ​မြို့​မှ​ထွက်​ခွာ​သွား​ရန် က​လော​ဒိ​ဘု​ရင် အ​မိန့်​ထုတ်​ဆင့်​သ​ဖြင့် သူ​တို့​သည်​မ​ကြာ​မီ​က ပင်​ဣ​တ​လိ​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​သူ​များ ဖြစ်​၏။-

3. ထို​သူ​တို့​သည်​ပေါ​လု​ကဲ့​သို့​သား​ရေ​အ​လုပ် သ​မား​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​ပေါ​လု​သည် သူ​တို့​ထံ​သို့​သွား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ နေ​၍​အ​လုပ်​လုပ်​၏။-

4. ယု​ဒ​အ​မျိုး​သား​နှင့်​ဂ​ရိ​အ​မျိုး​သား​များ နား​လည်​သ​ဘော​ပေါက်​လာ​ကြ​စေ​ရန် သူ​သည် ဥ​ပုသ်​နေ့​တိုင်း​တ​ရား​ဇ​ရပ်​တွင်​တ​ရား​ဆွေး နွေး​၏။

5. သိ​လ​နှင့်​တိ​မော​သေ​တို့​မာ​ကေ​ဒေါ​နိ​ပြည် မှ​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​တ​ရား ဟော​ခြင်း​အ​မှု​ကို​သာ​ဆောင်​ရွက်​လျက် မေ​ရှိ​ယ သည်​သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း​ယု​ဒ​အ​မျိုး သား​တို့​အား​သေ​ချာ​စွာ​ရှင်း​ပြ​၏။-

6. ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​အ​တိုက်​အ​ခံ ပြု​၍ ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​ပေါ​လု​သည် မိ​မိ​အ​ဝတ်​မှ​ဖုံ​များ​ကို​ခါ​ချ​၍ ``သင်​တို့ သေ​ကြေ​ပျက်​စီး​ကြ​လျှင်​သင်​တို့​၏​တာ​ဝန် ပင်​ဖြစ်​၏။ ငါ့​မှာ​တာ​ဝန်​မ​ရှိ​တော့​ပြီ။ ယ​ခု မှ​အ​စ​ပြု​၍​ငါ​သည်​လူ​မျိုး​ခြား​တို့​အား တ​ရား​ဟော​တော့​အံ့'' ဟု​ဆို​၏။-

တမန်တော်ဝတ္ထု 18