တမန်တော်ဝတ္ထု 17:24-34 Common Language Bible (BCL)

24. ကမ္ဘာ​လော​က​ကြီး​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် မိုး​မြေ​ကို​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ဖြစ်​၍​လူ့​လက်​ဖြင့်​ဆောက်​လုပ်​သည့် ဘုံ​ဗိ​မာန်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ။-

25. ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။-

26. ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-

27-28. ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊`ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏'ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊`ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'ဟု​စပ်​ဆို​သ​တည်း။-

29. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​ကြ​သည့်​အား​လျော်​စွာ ဘု​ရား​သ​ခင်​သည် လူ​တို့​၏​စိတ်​ကူး​နှင့်​အ​နု​ပ​ညာ​စွမ်း​ရည်​ဖြင့် ထု​လုပ်​ထား​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက် ရုပ်​တု​တို့​နှင့်​တူ​တော်​မူ​သည်​ဟု​မ​ထင်​မ​မှတ် အပ်။-

30. ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​လူ​တို့​မ​သိ​သည့် အ​ချိန်​ကာ​လ​များ​ကို​ရှု​မှတ်​တော်​မ​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​၌​အ​ရပ်​ခပ်​သိမ်း​မှ လူ​အ​ပေါင်း​တို့​အား​နောင်​တ​ရ​စေ​ခြင်း ငှာ​အ​မိန့်​ပေး​တော်​မူ​ပြီ။-

31. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။

32. သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း ကို​ကြား​သော​အ​ခါ လူ​အ​ချို့​တို့​သည်​ပြောင် လှောင်​ကြ​၏။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​က မူ ``သင်​ပြော​ဆို​နေ​သည့်​အ​ကြောင်း​အ​ရာ​ကို ငါ​တို့​တစ်​ဖန်​ကြား​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။-

33. သို့​ဖြစ်​၍​ပေါ​လု​သည်​တ​ရား​ရုံး​တော်​မှ ထွက်​သွား​လေ​သည်။-

34. အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​နှင့်​ပေါင်း​ဖော် ပြီး​လျှင် ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို သူ​တို့​တွင်​ဒ​ယော​နု​သိ​နာ​မည်​ရှိ​သော​အာ​ရေ တောင်​တ​ရား​ရုံး​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး၊ ဒ​မာ​ရိ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အ​ခြား သူ​အ​ချို့​တို့​ပါ​ဝင်​ကြ​၏။

တမန်တော်ဝတ္ထု 17