21. (အာသင်မြို့သားအပေါင်းတို့နှင့်ထိုမြို့တွင် နေထိုင်သူဧည့်သည်များသည် သတင်းအသစ် အဆန်းကိုပြောဆိုကြားနာခြင်းအားဖြင့် အချိန်ကိုကုန်လွန်စေတတ်ကြ၏။)
22. ပေါလုသည် အာရေတောင်တရားရုံးတော်ရှေ့ တွင်ရပ်လျက် ``အာသင်မြို့သားတို့၊ သင်တို့သည် လွန်စွာဘုရားတရားကြည်ညိုသူများဖြစ် ကြောင်း အစစအရာရာကိုထောက်၍ငါသိ ရ၏။-
23. ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။-
24. ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။-
25. ထိုအရှင်ကိုယ်တိုင်ပင်လူခပ်သိမ်းတို့အား အသက်နှင့်တကွအခြားလိုအပ်သည့်အရာ ရှိသမျှကိုပေးသနားတော်မူ၏။ သို့ဖြစ် ၍တစ်စုံတစ်ခုကိုလိုလား၍လူ့လက်မှ အထောက်အပံ့ကိုခံယူရန်မလိုပေ။-
26. ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
27-28. ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်ကိုတွေ့လို တွေ့ငြား လူတို့စမ်းသပ်ရှာဖွေကြစေရန်ပင် ဖြစ်၏။ သို့ရာတွင်၊`ငါတို့သည်ကိုယ်တော်အားဖြင့် သက်ရှင်လှုပ်ရှားရပ်တည်လျက်ရှိကြ၏'ဟူ၍ပ္ဂိုလ်တစ်ဦးကဆိုသည့်အတိုင်းဘုရား သခင်သည်အမှန်အားဖြင့် ငါတို့တစ်ဦးတစ် ယောက်နှင့်မျှဝေးတော်မူသည်မဟုတ်။ သင်တို့ ၏လင်္ကာဆရာအချို့တို့က၊`ငါတို့သည်လည်းကိုယ်တော်၏ သားသမီးများဖြစ်ကြ၏'ဟုစပ်ဆိုသတည်း။-
29. ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-
30. ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
31. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
32. သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကိုကြားသောအခါ လူအချို့တို့သည်ပြောင် လှောင်ကြ၏။ သို့ရာတွင်အချို့သောသူတို့က မူ ``သင်ပြောဆိုနေသည့်အကြောင်းအရာကို ငါတို့တစ်ဖန်ကြားလိုပါသည်'' ဟုဆိုကြ၏။-
33. သို့ဖြစ်၍ပေါလုသည်တရားရုံးတော်မှ ထွက်သွားလေသည်။-
34. အချို့သောသူတို့သည်ပေါလုနှင့်ပေါင်းဖော် ပြီးလျှင် ယုံကြည်သူများဖြစ်လာကြ၏။ ထို သူတို့တွင်ဒယောနုသိနာမည်ရှိသောအာရေ တောင်တရားရုံးတော်အဖွဲ့ဝင်တစ်ဦး၊ ဒမာရိ နာမည်ရှိသောအမျိုးသမီးတစ်ဦးနှင့်အခြား သူအချို့တို့ပါဝင်ကြ၏။