တမန်တော်ဝတ္ထု 17:19-29 Common Language Bible (BCL)

19. သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ပေါ​လု​ကို အာ​ရေ​တောင် တ​ရား​ရုံး​တော်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ``သင် ဟော​ပြော​နေ​သည့်​အ​ယူ​ဝါ​ဒ​သစ်​အ​ကြောင်း ကို​ငါ​တို့​သိ​ပါ​ရ​စေ။-

20. သင်​တို့​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​အ​ချို့ တို့​မှာ ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​၍ နေ​ပါ​၏။ ထို​အ​ရာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ငါ​တို့​သိ​ချင်​ပါ​သည်'' ဟု​ဆို​ကြ​၏။-

21. (အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။)

22. ပေါ​လု​သည် အာ​ရေ​တောင်​တ​ရား​ရုံး​တော်​ရှေ့ တွင်​ရပ်​လျက် ``အာ​သင်​မြို့​သား​တို့၊ သင်​တို့​သည် လွန်​စွာ​ဘု​ရား​တ​ရား​ကြည်​ညို​သူ​များ​ဖြစ် ကြောင်း အ​စ​စ​အ​ရာ​ရာ​ကို​ထောက်​၍​ငါ​သိ ရ​၏။-

23. ငါ​သည်​သင်​တို့​မြို့​ကို​လှည့်​လည်​၍ ဘု​ရား ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ကြည့်​ရှု​ခဲ့​စဉ် `ငါ တို့​မ​သိ​သော​ဘု​ရား​အ​တွက်' ဟူ​၍​ကမ္ပည်း လိပ်​စာ​ရေး​ထိုး​ထား​သည့်​ယဇ်​ပလ္လင်​တစ်​ခု ကို​တွေ့​ရှိ​ခဲ့​ပါ​၏။ ဤ​သို့​သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​ဘု​ရား​၏​အ​ကြောင်း ကို​သင်​တို့​အား​ယ​ခု​ငါ​ဟော​ပြော​ပါ​၏။-

24. ကမ္ဘာ​လော​က​ကြီး​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် မိုး​မြေ​ကို​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ဖြစ်​၍​လူ့​လက်​ဖြင့်​ဆောက်​လုပ်​သည့် ဘုံ​ဗိ​မာန်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ။-

25. ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။-

26. ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-

27-28. ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊`ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏'ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊`ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'ဟု​စပ်​ဆို​သ​တည်း။-

29. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​ကြ​သည့်​အား​လျော်​စွာ ဘု​ရား​သ​ခင်​သည် လူ​တို့​၏​စိတ်​ကူး​နှင့်​အ​နု​ပ​ညာ​စွမ်း​ရည်​ဖြင့် ထု​လုပ်​ထား​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက် ရုပ်​တု​တို့​နှင့်​တူ​တော်​မူ​သည်​ဟု​မ​ထင်​မ​မှတ် အပ်။-

တမန်တော်ဝတ္ထု 17