1. သူတို့သည်ခရီးဆက်ခဲ့ရာအံဖိပေါလိမြို့ နှင့်အာပေါလောနိမြို့ကိုဖြတ်၍ သက်သာ လောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင်ယုဒ တရားဇရပ်ရှိ၏။-
2. ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-
3. မေရှိယသည်ဒုက္ခဝေဒနာခံတော်မူရမည့် အကြောင်းတို့ကို ကျမ်းချက်အထောက်အထား များနှင့်တကွရှင်းလင်းစွာဖွင့်ပြ၏။ ပေါလု က ``ငါသင်တို့အားပြောပြနေသောသခင် ယေရှုကားမေရှိယပင်ဖြစ်၏'' ဟုဆို၏။-
4. အချို့သောသူတို့သည်ပေါလုပြောသောစကား ကိုယုံကြည်သဖြင့် ပေါလုနှင့်သိလတို့၏အဖွဲ့ သို့ဝင်ကြ၏။ ဘုရားသခင်ကိုကိုးကွယ်သူဂရိ အမျိုးသားအမြောက်အမြားနှင့်ထင်ပေါ်သော ဂရိအမျိုးသမီးများလည်း သူတို့၏အဖွဲ့ သို့ဝင်ကြလေသည်။
5. သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
6. ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
27-28. ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်ကိုတွေ့လို တွေ့ငြား လူတို့စမ်းသပ်ရှာဖွေကြစေရန်ပင် ဖြစ်၏။ သို့ရာတွင်၊`ငါတို့သည်ကိုယ်တော်အားဖြင့် သက်ရှင်လှုပ်ရှားရပ်တည်လျက်ရှိကြ၏'ဟူ၍ပ္ဂိုလ်တစ်ဦးကဆိုသည့်အတိုင်းဘုရား သခင်သည်အမှန်အားဖြင့် ငါတို့တစ်ဦးတစ် ယောက်နှင့်မျှဝေးတော်မူသည်မဟုတ်။ သင်တို့ ၏လင်္ကာဆရာအချို့တို့က၊`ငါတို့သည်လည်းကိုယ်တော်၏ သားသမီးများဖြစ်ကြ၏'ဟုစပ်ဆိုသတည်း။-