တမန်တော်ဝတ္ထု 17:1-4 Common Language Bible (BCL)

1. သူ​တို့​သည်​ခ​ရီး​ဆက်​ခဲ့​ရာ​အံ​ဖိ​ပေါ​လိ​မြို့ နှင့်​အာ​ပေါ​လော​နိ​မြို့​ကို​ဖြတ်​၍ သက်​သာ လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ တ​ရား​ဇ​ရပ်​ရှိ​၏။-

2. ပေါ​လု​သည်​မိ​မိ​၏​အ​လေ့​အ​ထ​ရှိ​သည် အ​တိုင်း ထို​တ​ရား​ဇ​ရပ်​သို့​သွား​၍ ဥ​ပုသ်​နေ့ သုံး​နေ့​တိုင်​တိုင်​ကျမ်း​စာ​တော်​ကို​ကိုး​ကား ကာ​လူ​တို့​နှင့်​အ​ခြေ​အ​တင်​ဆွေး​နွေး​၏။-

3. မေ​ရှိ​ယ​သည်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့် အ​ကြောင်း​တို့​ကို ကျမ်း​ချက်​အ​ထောက်​အ​ထား များ​နှင့်​တ​ကွ​ရှင်း​လင်း​စွာ​ဖွင့်​ပြ​၏။ ပေါ​လု က ``ငါ​သင်​တို့​အား​ပြော​ပြ​နေ​သော​သ​ခင် ယေ​ရှု​ကား​မေ​ရှိ​ယ​ပင်​ဖြစ်​၏'' ဟု​ဆို​၏။-

4. အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​ပြော​သော​စ​ကား ကို​ယုံ​ကြည်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​ဂ​ရိ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့်​ထင်​ပေါ်​သော ဂ​ရိ​အ​မျိုး​သ​မီး​များ​လည်း သူ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​လေ​သည်။

27-28. ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊`ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏'ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊`ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'ဟု​စပ်​ဆို​သ​တည်း။-

တမန်တော်ဝတ္ထု 17