7. သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊-
8. မုသိပြည်ကိုဖြတ်၍တရောမြို့သို့ရောက်ကြ၏။-
9. ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
10. ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
11. ကျွန်ုပ်တို့သည်တရောမြို့မှသာမောသရက် ကျွန်းသို့ တည့်တည့်သင်္ဘောလွှင့်ကြရာနောက် တစ်နေ့၌နာပေါလိမြို့သို့ရောက်ကြ၏။-
12. ထိုမြို့မှဖိလိပ္ပိမြို့သို့သွားကြ၏။ ဖိလိပ္ပိမြို့ ကားမာကေဒေါနိပြည်ပထမနယ်၏မြို့တစ် မြို့ဖြစ်၏။ ရောမအမျိုးသားတို့အခြေစိုက် ရာမြို့လည်းဖြစ်၏။ ထိုမြို့တွင်ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာနေထိုင်ကြပြီးသည့်နောက်၊-
13. ဥပုသ်နေ့၌မြို့တံခါးအပြင်သို့ထွက်ကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြုရန်နေရာရှိမည် အထင်နှင့်မြစ်ကမ်းနားသို့သွားရောက်၍ ထို အရပ်တွင်စုဝေးလျက်နေသည့်အမျိုးသမီး တို့အားဟောပြောကြ၏။-
14. ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-