တမန်တော်ဝတ္ထု 16:22-32 Common Language Bible (BCL)

22. လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။-

23. စစ်​သား​များ​သည်​လည်း​ပေါ​လု​နှင့်​သိ​လ​တို့​ကို ပြင်း​ထန်​စွာ​ကြိမ်​ဒဏ်​ပေး​ပြီး​လျှင်​ထောင်​ချ​ထား ကြ​၏။ သူ​တို့​အား​လုံ​ခြုံ​စွာ​ချုပ်​နှောင်​ထား​ရန် အ​မိန့်​အ​ရ၊-

24. ထောင်​မှူး​သည်​သူ​တို့​အား​အ​လုံ​ထောင်​သို့​သွင်း ပြီး​လျှင် ခြေ​များ​ကို​ထိတ်​ခတ်​၍​ထား​လေ​၏။

25. သန်း​ခေါင်​အ​ချိန်​ခန့်​၌​ပေါ​လု​နှင့်​သိ​လ​တို့​သည် ပတ္ထ​နာ​ပြု​ကာ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​သီ​ဆို​လျက်​နေ​ကြ​၏။-

26. ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။-

27. ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။-

28. သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။

29. ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။-

30. ထို​နောက်​သူ​တို့​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ``အ​ရှင်​တို့၊ ကျွန်​တော်​သည်​ကယ်​တင်​ခြင်း ခံ​ရ​စေ​ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​၏။

31. သူ​တို့​က​လည်း ``သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် လော့။ သို့​ယုံ​ကြည်​လျှင်​သင်​နှင့်​တ​ကွ​သင်​၏ အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ပြီး​နောက်၊-

32. ထို​သူ​နှင့်​တ​ကွ​သူ​၏​အိမ်​တွင်​ရှိ​သော​သူ အ​ပေါင်း​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-

တမန်တော်ဝတ္ထု 16