17. ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
18. ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
19. သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။-
20. ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။-
21. ကျွန်တော်တို့တရားဥပဒေများနှင့် ဆန့်ကျင် သောထုံးတမ်းစဉ်လာများကိုသွန်သင်နေကြ ပါသည်။ ရောမအမျိုးသားများအနေဖြင့် ကျွန်ုပ်တို့သည် ထိုထုံးတမ်းစဉ်လာများကို လက်မခံနိုင်၊ မကျင့်သုံးနိုင်ပါ'' ဟုလျှောက် ထားကြ၏။-
22. လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။-
23. စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊-
24. ထောင်မှူးသည်သူတို့အားအလုံထောင်သို့သွင်း ပြီးလျှင် ခြေများကိုထိတ်ခတ်၍ထားလေ၏။
25. သန်းခေါင်အချိန်ခန့်၌ပေါလုနှင့်သိလတို့သည် ပတ္ထနာပြုကာဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းသီဆိုလျက်နေကြ၏။-
26. ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။-