16. တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
17. ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
18. ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
19. သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။-
20. ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။-