31. ထိုစာကိုဖတ်ပြကြသောအခါသူတို့သည် အားပေးစကားများကြောင့်လွန်စွာဝမ်း မြောက်ကြ၏။-
32. ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
33. သူတို့သည်ထိုအရပ်တွင်ကာလအတန်ကြာ နေပြီးနောက် ယုံကြည်သူတို့အားနှုတ်ဆက်၍ ပြန်လွှတ်လိုက်ကြ၏။-
34. သို့သော်လည်းသိလသည်နေရစ်ရန်ဆုံးဖြတ်၏။
35. ပေါလုနှင့်ဗာနဗတို့သည်အန္တိအုတ်မြို့တွင် ဆက်လက်နေထိုင်၍ သခင်ဘုရား၏နှုတ်ကပတ် တော်ကိုအခြားသူများနှင့်အတူဟောပြော သွန်သင်ကြ၏။
36. ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။-
37. ထိုအခါဗာနဗသည်မာကုခေါ်ယောဟန် ကိုခေါ်ဆောင်သွားရန်အလိုရှိ၏။-
38. သို့သော်ပေါလုကမိမိတို့နှင့်သာသနာ ပြုခရီးအဆုံးတိုင်အောင်မလိုက်ဘဲ ပံဖုလိ ပြည်တွင်မိမိတို့ထံမှထွက်ခွာသွားခဲ့သူ ကိုခေါ်ဆောင်ရန်မသင့်လျော်ဟုယူဆ၏။-
39. သူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။-
40. ပေါလုမူကားသိလကိုရွေးချယ်၍ထွက်ခွာ သွားလေသည်။ ယုံကြည်သူများသည်ပေါလု အားသခင်ဘုရား၏ကျေးဇူးတော်သို့အပ်နှံ ကြ၏။-
41. ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။