တမန်တော်ဝတ္ထု 15:24-33 Common Language Bible (BCL)

24. ကျွန်ုပ်​တို့​အ​ထဲ​မှ​လူ​အ​ချို့​သည်​ကျွန်ုပ်​တို့​၏ ညွှန်​ကြား​ချက်​မ​ရ​ဘဲ သင်​တို့​ထံ​သို့​သွား​၍ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​သည့်​စ​ကား​များ ကို​ပြော​ဆို​ကာ သင်​တို့​အား​ဒုက္ခ​ပေး​ခဲ့​ကြ ကြောင်း​သိ​ရ​ပါ​သည်။-

25. သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​အ​စည်း​အ​ဝေး​ပြု လုပ်​၍​လူ​အ​ချို့​ကို​ရွေး​ချယ်​လျက် သင်​တို့​ထံ သို့​စေ​လွှတ်​ရန်​အား​လုံး​သ​ဘော​တူ​ဆုံး​ဖြတ် ကြ​ပါ​သည်။ ထို​သူ​တို့​သည်​ကျွန်ုပ်​တို့​ချစ်​ခင် သူ​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ​လိုက်​သွား ကြ​ပါ​လိမ့်​မည်။-

26. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ကား ကျွန်ုပ်​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​မှု​တော်​ကို သက်​စွန့် ကြိုး​ပမ်း​ဆောင်​ရွက်​ခဲ့​သူ​များ​ပင်​တည်း။-

27. သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယု​ဒ နှင့်​သိ​လ​တို့​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ သည်။ ကျွန်ုပ်​တို့​၏​စာ​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​ကိုယ်​တိုင် လည်း​ပြော​ပြ​ကြ​ပါ​လိမ့်​မည်။-

28. ရုပ်​တု​များ​အား​ပူ​ဇော်​ထား​သည့်​အ​စား အ​စာ​ကို​မ​စား​နှင့်။ သွေး​ကို​လည်း​မ​စား​နှင့်။-

29. လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။

30. စေ​တ​မန်​တို့​အား​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့​သွား​၍​ယုံ​ကြည်​သူ​အ​ပေါင်း တို့​အား စု​ဝေး​စေ​ပြီး​လျှင်​အ​မှာ​စာ​ကို​ပေး အပ်​ကြ​၏။-

31. ထို​စာ​ကို​ဖတ်​ပြ​ကြ​သော​အ​ခါ​သူ​တို့​သည် အား​ပေး​စ​ကား​များ​ကြောင့်​လွန်​စွာ​ဝမ်း မြောက်​ကြ​၏။-

32. ယု​ဒ​နှင့်​သိ​လ​တို့​သည်​လည်း​ပ​ရော​ဖက်​များ ဖြစ်​ကြ​သည့်​အ​လျောက် သူ​တို့​အား​အ​ချိန်​ကြာ မြင့်​စွာ​တိုက်​တွန်း​အား​ပေး​သ​ဖြင့်​သူ​တို့​အား ကြံ့​ခိုင်​စေ​ကြ​၏။-

33. သူ​တို့​သည်​ထို​အ​ရပ်​တွင်​ကာ​လ​အ​တန်​ကြာ နေ​ပြီး​နောက် ယုံ​ကြည်​သူ​တို့​အား​နှုတ်​ဆက်​၍ ပြန်​လွှတ်​လိုက်​ကြ​၏။-

တမန်တော်ဝတ္ထု 15