23. ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
24. ကျွန်ုပ်တို့အထဲမှလူအချို့သည်ကျွန်ုပ်တို့၏ ညွှန်ကြားချက်မရဘဲ သင်တို့ထံသို့သွား၍ စိတ်အနှောင့်အယှက်ဖြစ်စေသည့်စကားများ ကိုပြောဆိုကာ သင်တို့အားဒုက္ခပေးခဲ့ကြ ကြောင်းသိရပါသည်။-
25. သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။-
26. ပေါလုနှင့်ဗာနဗတို့သည်ကား ကျွန်ုပ်တို့ သခင်ယေရှုခရစ်၏အမှုတော်ကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများပင်တည်း။-
27. သို့ဖြစ်၍ကျွန်ုပ်တို့သည်သူတို့နှင့်အတူယုဒ နှင့်သိလတို့ကို သင်တို့ထံသို့စေလွှတ်လိုက်ပါ သည်။ ကျွန်ုပ်တို့၏စာတွင်ရေးသားဖော်ပြထား သည့်အကြောင်းအရာများကို သူတို့ကိုယ်တိုင် လည်းပြောပြကြပါလိမ့်မည်။-
28. ရုပ်တုများအားပူဇော်ထားသည့်အစား အစာကိုမစားနှင့်။ သွေးကိုလည်းမစားနှင့်။-
29. လည်ညှစ်သားကိုမစားနှင့်။ ကာမဂုဏ်လိုက်စား မှုကိုမပြုနှင့်ဟူသောပညတ်များမှတစ်ပါး အခြားသောဝန်ကိုသင်တို့အပေါ်မတင်ရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်ကျွန်ုပ်တို့သဘော တူကြပါ၏။ ဤအရာများကိုရှောင်ကြဉ်ကြ ပါက သင်တို့အတွက်လုံလောက်ပေပြီ။ ကျန်း မာရွှင်လန်းကြပါစေ'' ဟုဖော်ပြပါရှိလေ သည်။
30. စေတမန်တို့အားစေလွှတ်သဖြင့် သူတို့သည် အန္တိအုတ်မြို့သို့သွား၍ယုံကြည်သူအပေါင်း တို့အား စုဝေးစေပြီးလျှင်အမှာစာကိုပေး အပ်ကြ၏။-
31. ထိုစာကိုဖတ်ပြကြသောအခါသူတို့သည် အားပေးစကားများကြောင့်လွန်စွာဝမ်း မြောက်ကြ၏။-
32. ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
33. သူတို့သည်ထိုအရပ်တွင်ကာလအတန်ကြာ နေပြီးနောက် ယုံကြည်သူတို့အားနှုတ်ဆက်၍ ပြန်လွှတ်လိုက်ကြ၏။-
34. သို့သော်လည်းသိလသည်နေရစ်ရန်ဆုံးဖြတ်၏။