19. ယာကုပ်ကဆက်လက်၍ ``ထို့ကြောင့်ဘုရား သခင်ထံပြောင်းလဲလာကြသူ လူမျိုးခြား တို့အခက်ကြုံစေရန်ငါတို့မပြုသင့်။-
20. သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
21. အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။
22. ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။-