1. လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
2. ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
3. အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
4. ယေရုရှလင်မြို့သို့ဗာနဗတို့ရောက်ကြ သောအခါ အသင်းတော်နှင့်တကွတမန်တော် များ၊ အသင်းတော်လူကြီးများကသူတို့အား ကြိုဆိုလက်ခံသည့်အခါ မိမိတို့အားဘုရား သခင်အသုံးပြုတော်မူပုံအလုံးစုံကိုပြန် ကြားကြ၏။-
5. သို့ရာတွင်ဖာရိရှဲအဖွဲ့ဝင်များအနက် ယုံ ကြည်သူလူအချို့တို့သည်ထ၍ ``လူမျိုးခြား တို့သည်အရေဖျားလှီးမင်္ဂလာခံရမည်။ မောရှေ ၏ပညတ်တရားကိုစောင့်ထိန်းရမည်'' ဟုဆို ကြ၏။
6. သို့ဖြစ်၍တမန်တော်များနှင့်အသင်းတော် လူကြီးများသည် ဤအမှုကိစ္စကိုစဉ်းစား ဆင်ခြင်ရန်စည်းဝေးကြ၏။-
7. အတော်ပင်အချေအတင်ဆွေးနွေးကြပြီး သောအခါ ပေတရုသည်နေရာမှထ၍ ``ညီ အစ်ကိုတို့၊ လူမျိုးခြားတို့သည်သတင်းကောင်း ကိုကြား၍ယုံကြည်နိုင်စေရန် ဘုရားသခင် သည်လွန်ခဲ့သည့်ကာလအတန်ကြာက သတင်း ကောင်းကိုကြေညာရန်အတွက် ငါ့အားသင်တို့ အထဲမှရွေးချယ်ခန့်ထားတော်မူခဲ့ကြောင်း သင်တို့သိကြ၏။-
8. လူတို့၏စိတ်နှလုံးကိုသိတော်မူသောဘုရား သခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့ အားပေးတော်မူသည့်နည်းတူလူမျိုးခြားတို့ အားလည်းပေးတော်မူခြင်းအားဖြင့် သူတို့ အားနှစ်သက်လက်ခံတော်မူကြောင်းကိုပြ တော်မူ၏။-
9. ကိုယ်တော်သည်သူတို့ကိုငါတို့နှင့်ခွဲခြား ခြင်းပြုတော်မမူ။ သူတို့သည်ကိုယ်တော်ကို ယုံကြည်သဖြင့် သူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၏။-
16-17. `ငါ၏နာမတော်ဖြင့်ခေါ်ဝေါ်ခြင်းခံရသူ လူမျိုးခြားနှင့်လူမျိုးရှိသမျှတို့သည်ငါ့ထံလာစိမ့်သောငှာနောက်မှငါပြန်လာမည်။ပြိုကျလျက်ရှိသောဒါဝိဒ်၏နိုင်ငံကို ငါပြန်၍တည်ဆောက်မည်။ပျက်စီးယိုယွင်းနေသည်တို့ကိုအသစ်ပြုပြင်၍ ထိုနိုင်ငံကိုတစ်ဖန်ခိုင်ခံ့စေမည်။