တမန်တော်ဝတ္ထု 15:1-3 Common Language Bible (BCL)

1. လူ​အ​ချို့​တို့​သည်​ယု​ဒ​ပြည်​မှ​အန္တိ​အုတ်​မြို့ သို့​သွား​ရောက်​၍ ညီ​အစ်​ကို​တို့​အား ``သင်​တို့ သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား​အ​ရ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​ယူ​လျှင်​ကယ်​တင် ခြင်း​မ​ရ​နိုင်'' ဟု​ဟော​ပြော​သွန်​သင်​ကြ​၏။-

2. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​နှင့် အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ကာ အ​ချေ​အ​တင် ပြော​ဆို​ကြ​၏။ ထို့​ကြောင့်​အ​သင်း​တော်​သည်​ဤ သို့​အ​ငြင်း​ပွား​သည့်​ကိစ္စ​နှင့်​ပတ်​သက်​၍ တိုင်​ပင် ဆွေး​နွေး​ရန်​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို​တ​ပည့် တော်​အ​ချို့​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​ရှိ အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​၏။

3. အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-

16-17. `ငါ​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ လူ​မျိုး​ခြား​နှင့်​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်ငါ့​ထံ​လာ​စိမ့်​သော​ငှာ​နောက်​မှ​ငါ​ပြန်​လာ​မည်။ပြို​ကျ​လျက်​ရှိ​သော​ဒါ​ဝိဒ်​၏​နိုင်​ငံ​ကို ငါ​ပြန်​၍​တည်​ဆောက်​မည်။ပျက်​စီး​ယို​ယွင်း​နေ​သည်​တို့​ကို​အ​သစ်​ပြု​ပြင်​၍ ထို​နိုင်​ငံ​ကို​တစ်​ဖန်​ခိုင်​ခံ့​စေ​မည်။

တမန်တော်ဝတ္ထု 15