2. သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။-
3. တမန်တော်တို့သည်ထိုအရပ်တွင်ကြာမြင့်စွာ နေထိုင်လျက် သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည်ထို သူတို့ဟောပြောသည့်ကျေးဇူးတော်ဆိုင်ရာ တရားမှန်ကန်ကြောင်းသက်သေပြရန် သူတို့ အားအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များပြနိုင်သောတန်ခိုးကိုပေးတော်မူ၏။-
4. မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။
5. ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
6. ထိုအကြောင်းကိုတမန်တော်တို့ကြားသိ ကြသောအခါ လုကောနိပြည်ရှိလုတ္တရမြို့၊ ဒေရဗေမြို့နှင့်အနီးရှိဒေသသို့ထွက်ပြေး ၍၊-
7. သတင်းကောင်းကိုဟောပြောကြ၏။
8. လုတ္တရမြို့တွင်အဘယ်အခါကမျှလမ်းမ လျှောက်နိုင်ခဲ့သူ၊ မွေးစကပင်ခြေမစွမ်းမသန် ခဲ့သူလူတစ်ယောက်ရှိ၏။-
9. သူသည်ပေါလုဟောပြောသည်ကိုနားထောင် လျက်နေ၏။ ပေါလုသည်သူ့အားစိုက်ကြည့် လိုက်သောအခါ ရောဂါပျောက်ကင်းစေနိုင် လောက်အောင်သူ့မှာယုံကြည်မှုရှိကြောင်း ကိုသိမြင်လျှင်၊-
10. ``ထ၍မတ်မတ်ရပ်လော့'' ဟုထိုသူအား အသံကျယ်စွာဆို၏။ ထိုအခါသူသည် ခုန်၍ထပြီးလျှင်လမ်းလျှောက်လေ၏။-
11. လူပရိသတ်တို့သည်ပေါလုပြုသောအမှု အရာကိုမြင်လျှင် ``နတ်ဘုရားတို့သည်လူ့ အသွင်ကိုဆောင်၍ ငါတို့ထံသို့သက်ဆင်း လာလေပြီ'' ဟုမိမိတို့လုကောနိဘာသာ စကားဖြင့်ကြွေးကြော်ကြ၏။-
12. သူတို့သည်ဗာနဗအားဇုသဟုခေါ်ကြ၏။ ခေါင်းဆောင်၍ဟောပြောသူဖြစ်သောကြောင့် ပေါလု အားဟေရမေဟုခေါ်ကြ၏။-